Part-1

146 5 0
                                    

"ခွမ်း

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ခွမ်း...."
"နင်အလုပ်ကို ဘယ်လိုလုပ်နေတာလဲ ဒီဖန်ခွက်တစ်လုံးတောင် ဖြောင့်ဖြောင့်တန်းတန်းမသယ်နိုင်ဖူးလား နင့်ကိုလစာပေးထားတာ အလုပ်ပီးဖို့နော် အိမ်ကပစ္စည်းတွေဖြုန်းတီးဖို့မဟုတ်ဖူး အလုပ်ပြုတ်ချင်နေပြီလား ဟမ်! "

ဖန်ခွက်ကျကွဲသံနဲ့အတူ Jasmineရဲ့  ဆူပူကြိမ်းမောင်းသံများပါထွက်ပေါ်လာ၏။
အိမ်ဖော်မလေးမှာ သူ့သခင်မကိုကြောက်အားလန့်အားဖြင့် ဖန်ကွဲစများသိမ်းနေရှာ၏။
Jasmineမှာမူ လိမ်းလတ်စ မိတ်ကပ် foundation ကို ဆက်လိမ်းလျက် မိမိတစ်ယောက်ထဲ ပါးစက်မှ ဆဲဆိုကြိမ်း‌ မောင်းနေလေသည်။

"မိနန်း မိနန်းလာစမ်း!
ငါ့ကားရေဆေးခိုင်းထားတာပြီးပြီလား?" မျက်လုံးကမှန်ကမခွာပဲ Jasmineတစ်ယောက် မိတ်ကပ်လိမ်းရင်း မေးလိုက်၏။

"ဟုတ် ဟုတ် ပြီးပါပြီမမလေး
မမလေးစီးမယ်ပြောထားတဲ့ဖိနပ်လဲ ထုတ်ပြီးသွားပါပြီရှင့် " ဟု အိမ်ဖော်မလေး မိနန်းကအလိုက်တသိပြောလိုက်၏။

"အေး ခနနေငါထွက်ခဲ့မယ် အားလုံးအဆင်သင့်ပြင်ထား အမှားယွင်းမရှိစေနဲ့နော် " ဟု ‌ ပြောကာ နှင်းဆီဖူးနှုတ်ခမ်းနီပေါ် အနီရင့်ရင့် နှုတ်ခမ်းဆိုးဆေးတင်ကာ ရဲဆေးတင်နေ၏။

အသက်သက်ငယ်ငယ်ရွယ်ရွယ်ဖြင့် နမည်ကြီး cosmetic brand တစ်ခု ၏ CEOဖြစ်သော Jasmine အဖို့ ဘဝဟာလိုတာထက်ပင်ပိုပြည့်စုံနေသေးသည်။ နိုင်ငံတကာလုပ်ငန်းရှင်များနှင့် ရင်ဘောင်တန်းလုပ်ကိုင်နေသော ရဲဝံ့သည့် အမျိုးသမီးဖို့ သာမာန်ယောင်္ကျားလေးများ မော့ကြည့်ရုံမျှပင် မဝံ့ရဲချေ။
သွက်လက်ဖျတ်လတ်သော သက်လတ်ပိုင်း အရွယ် နုနယ်လှသော သူမ အတွက် အလုပ်နှင့် အလုပ်သာလျှင် ရှေ့တန်းတင်လျက်ရှိပေသည်။
#*****#$$****$$

Before I go backWhere stories live. Discover now