အခန်း(၂၂) အတိတ် အခန္း(၂၂) အတိတ္

Start from the beginning
                                    

"ကုန်းဟုံ သူမရဲ့အဆောင်လက်နက်ကိုရလာခဲ့ပါပြီ။ အကြီးအကဲတွေကို ကျေးဇူးတင်မိပါတယ်။" ကလေးမလေးက အကြီးအကဲသုံးယောက်ရှေ့လျှောက်လာကာ လက်နှစ်ဘက်ဖြင့် ထိုအဆောင်လက်နက်ကို သူမ ခေါင်းထက်ကိုင်မြှောက်ပြလိုက်သည်။ သူမလက်ထဲတွင် အဆောင်လက်နက်က အလင်းရောင်တလက်လက်တောက်ပလို့နေသည်။

"ကောင်းတယ်။" အကြီးအကဲချိုးရွှမ်းက ချီးကျူးလိုက်သည်။ "အသံဆိုတာ အပေါက်ဟူသမျှကို ထိုးဖောက်ဝင်ရောက်သွားမှာပဲ၊ ဘယ်သူမှ အဲ့ဒါကို တားဆီးလို့မရနိုင်ဘူး။ ဒါပေမဲ့ မင်းတကယ်လို့ ဒီဟာကို ကောင်းကောင်းအသုံးချချင်တယ်ဆိုရင်တော့ မင်းရဲ့ကျင့်ကြံမှုအပေါ်မှာ ပိုပြီးအားစိုက်ထည့်သွားဖို့လိုလိမ့်မယ်။ အခုလက်ရှိကျင့်ကြံခြင်းအစွမ်းနဲ့ မင်းဒီဟာကို သုံးလို့တော့ရတယ်၊ ဒါပေမဲ့ သေချာကောင်းကောင်းသုံးလို့တော့ရမှာ မဟုတ်ဘူး။"

"ပြန်သွားပြီးတော့ သုံးသပ်ဆင်ခြင်ကြည့်ချည်။ စိတ်နဲ့ဆက်သွယ်လို့ရအောင် တတ်နိုင်သမျှအမြန်ဆုံးကြိုးစားကြည့်၊ အဲ့ဒီဟာကို မင်းရဲ့ဖွားဖက်တော်အစိတ်အပိုင်းတစ်ခုလိုဖြစ်လာအောင်လုပ်။" အကြီးအကဲရှူကျိုက ပြုံးလျက် "မင်းအကောင်းဆုံးလုပ်နိုင်လိမ့်မည်ဆိုတာ တို့တွေယုံပြီးသားပါ။"

"ကျေးဇူးတင်ပါတယ် အကြီးအကဲတို့။ ဒီအငယ်သားက အကြီးအကဲတို့တတွေ စိတ်မပျက်ရအောင် ပိုပြီးတော့တောင်ကြိုးစားပြပါ့မယ်" ဇာမဏီငှက်ခေါင်းကို တင်းတင်းဆုပ်ကိုင်ထားသည့် ကုန်းဟုံ၏နုနုနယ်နယ်မျက်နှာလေးတွင် အားအင်များအပြည့်နှင့်ဖြစ်လို့နေသည်။

"လူငယ်ဖြစ်ရတာကောင်းလိုက်တာ" ချိုးရွှမ်းက ရုပ်ရည်တင့်တယ်သောအငယ်များကို နှစ်ခြိုက်တတ်သူဖြစ်သည်။ အဓိကအားဖြင့် သွက်လက်ရွှင်ပျသည့် အငယ်များကိုဖြစ်၏။ သူမက တိမ်တိုက်ပုံစံ ဆံထိုးတစ်ချောင်းကိုထုတ်ကာ ကုန်းဟုံဆံကေသာထဲသို့ ထိုးထည့်လိုက်သည်။ "ဒါက ကိုယ်ပုံသွန်းလုပ်ထားတဲ့ဓားပဲ။ ရေနှင်းခါးလို့ခေါ်တယ်။ ဒါလေးကို မင်းလက်နက်အဖြစ်သုံးရအောင်ပေးလိုက်မယ်... ပထမဆုံးဆုံတွေ့တဲ့အထိမ်းအမှတ်လက်ဆောင်အနေနဲ့ပေါ့။"

[[Completed]]ကောင်းကင်ဘုံသို့ ကြွလှမ်းစံမြန်းနေသည်၊ မနှောင့်ယှက်ရ။ ADNDWhere stories live. Discover now