"ဟင်?" ချင်းစုယွဲ့က နားမလည်ပေ။
"နှစ်ဖက်မိသားစုက အကြီးအကဲတွေကို ဖိတ်ပြီးတော့ နေ့လည်စာ အတူ စားကြရင်း ကိုယ်တို့ လက်ထပ်မယ့်အကြောင်းကို ပြောမလို့လေ"
"..." ချင်းစုယွဲ့မှာ သူ့ကို လိုက်မမှီနိုင်တော့ဘူးလို့ကို ခံစားနေရ၏။ ငါတို့တွဲကြတာက သိပ်တောင် မကြာသေးဘူးလေ! သူက လက်ထပ်ဖို့အထိတောင် စဉ်းစားနေပြီလား?
ချင်းစုယွဲ့မှာ စကားလုံးတွေအား သေသေချာချာ ချင့်ချိန်တွေးဆ ရွေးချယ်လိုက်ရ၏။ "ကျွန်မတို့ လက်ထပ်ကြဖို့က တော်တော်လေး စောနေသေးတယ်လို့ မထင်ဘူးလားဟင်?"
"ကိုယ် မင်းကို နှစ်တွေ အများကြီး စောင့်ခဲ့ရတာလေ .. တစ်ကယ်လို့ ကိုယ်တို့သာ မင်း ကောလိပ်က ဘွဲ့ရပြီးပြီးချင်း လက်ထပ်ခဲ့ကြမယ်ဆိုရင် အခုချိန်လောက်ဆို ကလေး တစ်ယောက်လောက်တောင် ရနေလောက်ပြီ"
"..." ချင်းစုယွဲ့မှာ သူ့အတွေးတွေကြောင့် ထိတ်လန့်မိသွားရပြီး ကမန်းကတန်းပင် ငြင်းဆန်လိုက်ရသည်။ "အဲဒါကြီးကတော့ အရမ်း မြန်လွန်းတယ်လေ .. အဲဒီလိုနဲ့ ကျွန်မမိဘတွေ လန့်သွားကြပါအုန်းမယ်"
"မမြန်ပါဘူး ... ကိုယ် အရင် ယောက္ခမတို့ဆီကို သွားလည်တုန်းက အရိပ်အမြွက် ပြောခဲ့သေးတယ်" ချန်းစီနျန်က ပြောနေရင်းမှ ချင်းစုယွဲ့အား လှည့်ကြည့်လိုက်ပြီး ဆက်ပြော၏။ "အဲ့ဒါအပြင် သူတို့ကလည်း ဒီစိတ်ကူးကို ကန့်ကွက်မယ့်ပုံ မရှိပါဘူး"
ချင်းစုယွဲ့မှာတော့ အံကိုသာ တင်းတင်းစေ့ထားရရှာသည်။ "နေပါအုန်း ရှင်က ကျွန်မကို လက်ထပ်မှာလား ကျွန်မမိဘတွေကို လက်ထပ်မှာလား? ... သူတို့မှာ ထင်မြင်စရာတွေ မရှိပေမယ့် ကျွန်မမှာ ရှိတယ်လေ"
"မင်းက ဘယ်လိုထင်လို့လဲ?"
"အရမ်း စောလွန်းသေးတယ်!"
အိုင်တို့က ခုမှ ဒိတ်လုပ်တဲ့အဆင့်ပဲ ရှိသေးတာကို ယူက လက်ထပ်ချင်နေပြီပေါ့?
ချန်းစီနျန်က ထိုအကြောင်းအား သေသေချာချာ တွေးတောနေပြီး သူ့ရဲ့ သွယ်လျလှသော လက်ချောင်းရှည်ရှည် တွေဟာတော့ ကီးဘုတ်ထက်သို့ မကြာခဏ ထိခတ်နေလေ၏။