ဒါကိုတွေ့လိုက်ရတော့ ချင်းစုယွဲ့က ချန်းစီနျန်၏ အနားသို့ တိုးကပ်သွားလိုက်ရင်း သူ့လက်မောင်းတွေအား ဖက်တွယ်လိုက်လျက် သူစိတ်ကျေနပ်စေဖို့ ကြိုးစားလိုက်သည်။ "ဒါကြီးက တော်တော်လေး မြန်နေတယ်လေ .. ကျွန်မရဲ့စိတ်က အဆင်သင့် မဖြစ်သေးလို့ပါ .. နော်"
ချန်းစီနျန်က သူမကို ကြည့်နေရင်းမှ နောက်ဆုံးတွင် သဘောတူလိုက်လေသည်။ "အဲဒါဆိုရင်လဲ ကိုယ်တို့ ဖြည်းဖြည်းချင်း စီစဉ်ကြမလား?"
ချင်းစုယွဲ့ဟာ သူ့ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ရင်းမှ အလိုလိုပင် သူ့မျက်နှာအား နမ်းလိုက်ပြီး ပြောလေသည်။ "အား .. ရှင်က အရမ်းကောင်း အရမ်းမိုက်တာပဲ!"
ချင်းစုယွဲ့က သူ့ကို စိတ်ကျေနပ်စေဖို့အတွက် ကြိုးစားနေသည်ကို တွေ့တော့ ချန်းစီနျန်လည်း စိတ်ကြည်လင်သွားလေသည်။
******
ဇန်နဝါရီလ တစ်ရက်နေ့၌ ချန်းစီနျန်မှာ သူ့ဆွေမျိုးတွေနှင့် မိတ်ဆွေ အပေါင်းအသင်းများအား ကြိုဆိုနှုတ်ဆက်ရပြီး သွားရောက် လည်ပတ်ရတာတွေနှင့် အလုပ်များနေရသည်။ တစ်ကယ်တော့ သူ့မှာ စီးပွားရေး မိတ်တွေ အပေါင်းအသင်းတွေကလည်း အများကြီး ရှိတာပင်။ ချင်းစုယွဲ့က သူ့လောက်တော့ အလုပ်မများလှပေမယ့် တစ်နေ့လုံး ကျုံချင်းနှင့်ပဲ လည်ပတ်လိုက်တော့၏။
သူမတို့နှစ်ယောက် အလှပြင်ဆိုင်မှ ထွက်လာကြပြီး စိတ်လွတ်လက်လွတ် ရှော်ပင်ထွက်ကြတော့သည်။ ရှောပင်ထွက်ပြီး စားသောက်အပြီးမှာတော့ ချင်းစုယွဲ့နှင့် ကျုံချင်းတို့မှာ စုံတွဲတွေ လုပ်ကြသလိုမျိုး ရုပ်ရှင်ရုံသို့သွားကာ ရုပ်ရှင်ပင် ကြည့်လိုက်ကြသေးသည်။
သူမတို့နှစ်ယောက်၏ ရှေ့မှာ တန်းစီနေကြသော စုံတွဲတွေကိုကြည့်ရင်းမှ ကျုံချင်းက သက်ပြင်းချလေ၏။ "သူတို့တွေဟယ် အသက်ငယ်ငယ်လေးတွေနဲ့ ငါဖြင့် စိတ်တောင်မကောင်းဘူး .. သဘာဝမှမကျတာကြီးကိုနော့!"
ချင်းစုယွဲ့က ရယ်မောလိုက်လေသည်။ "ဟဲ့ နင် ဒီကိုလာတာ ရုပ်ရှင်ကြည့်ဖို့ မဟုတ်ဘူးလား?"