ခုညနေခင်းလည်း ကေသာ့ အိမ်ကလေးမှာ ပန်းခူးသူ၊ ပန်းသီကြသူ ကလေးငယ်တို့ဖြင့်... ဆူညံနေတော့သည်။

' ဗညား၊ သီဟ၊ အဲမွန်...... ဒီနားက ကိုင်းတွေ ချိုးကြပါဟဲ့။ အရွက်တွေကို စိမ်းစိုနေကောပဲ...။ ပြီးတော့ ဒီဟာလေး......။ ဒါကောပဲ......၊ ခပ်သွက်သွက် ချိုးကြ။ မကြာခင် နေညိုတော့မယ်......' ဟု ယောကျာ်းလေးငယ်တို့ သပြေညို၊ ဇော်မွှား၊ ရွက်လှ ကံ့ကော်ကိုင်းတို့ ချိုးသည်ကို ဆရာမကြီးလုပ်နေသူ မွေ့ခတ္တာ........။

မလှမ်းမကမ်းမှာတော့ ဖူးသစ်စ စံပယ်ခင်း၊ မြတ်လေးရုံ တို့မှ ပန်းပွင့်တို့အား တယုတယ ခူးပြီး ဇကောထဲ ထည့်နေကြတဲ့ မွေ့လော၊ မွေ့သင် တို့လို မိန်းမငယ်လေးတွေ.....။

မွေ့ကေသာ က နှင်းဆီခင်းမှ ဖူးဖူးစင်စင်၊ ပွင့်ကာစ နှင်းဆီပန်းခိုင်တို့ကို စနစ်ကျ ကတ်ကြေးဖြင့် ညှပ်ယူကာ အသင့်ရှိသည့် ကြိမ်ခြင်းထဲ ထည့်နေသည်။ ဆူး ပါသော ပန်းခက်တို့ကို ကးလေငယ်တို့ကို ပေးကိုင်လို့ ဘယ်ဖစ်ပါ့မလဲလေ..။ လက်ကလေးတွေ စူးကုန်မှဖြင့်......။

နှင်းဆီပန်းခက်တွေ ခူးယူပြီးရင် ကံ့ကော်ပင်၊ အင်ကြင်းပင်တို့မှ ကံ့ကော်၊ အင်ကြင်း ပွင့်တို့ကို လက်လှမ်း မီသမျှ ခူးမည်....၊ လူတစ်ရပ် အပေါ်ဖက်က ပန်းပွင့်တို့ကိုတော့ တံခြူဖြင့် ဆွတ် မည်....။

ပန်းခူး၊ သစ်ခက်ချိုးသော လုပ်ငန်းစဉ်တို့ပြီးလျှင် အိမ်ထဲသို့ပြန်လာကာ...... ပန်းပွင့်သီမည်။ ကံ့ကော်၊ သပြေခက်၊ နှင်းဆီခိုင် တို့ကို နှီးဖြင့်စီးထားကာ ရေပုံးဖြင့် ရေစိမ်မည်။

ဖူးသစ်စ ပန်းပွင့်တို့ဖြင့် မွှေးပျံ့လွန်းလှသည့် ပန်းကုံးတို့ကို ဇကောထဲ ထည့်ကာ အပေါ်မှ ရေစိုနေသည့် ပိတ်ဖြင့် အုပ်ထားမည်....။ ဒါမှ မနက်အထိ မညှိုးဘဲ သင်းပျံ့နေမည်သာ......။

ကေသာ့ အလုပ်တွေ ကူပေးကြ၊ ကေသာ ကျွေးသော မုန့်တို့ကို ပျော်ပျော်ပါးပါး စားကြနှင့် ပတ်ဝန်းကျင်မှ ကလေးငယ်တို့က လယ်ယာဝင်နေသော မိဘဆွေမျိုးတို့ လုပ်ငန်းသိမ်းကာ ပြန်လာကြပြီဆို ကိုယ်စီ အသီးသီး အိမ်ပြန်ကြပြီ...။ အစောပိုင်းက ကလေးသူငယ်တို့၏ ရယ်သံ၊ ပျော်ရွင်မြူးထူးသံတို့ဖြင့် ဆူညံနေသော မွေ့ကေသာ၏ ခြံကလေးသည် ကလေးသူငယ်တို့ အိမ်ပြန်ကုန်သည်နှင့် တပြိုင်နက် တိတ်ဆိတ်မှုက ကြီးစိုးသွားပြန်တော့သည်........။

မှကေ့သော / မွေ့ကေသာ [ Uni/Zawgyi]जहाँ कहानियाँ रहती हैं। अभी खोजें