အခုထိ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အတိအကျသိတဲ့သူကလဲရှားတယ်...။ ဒါပေမဲ့ လင်းခေတ်ဦးရဲ့အလုပ်မှာဆိုရင်တော့ အများစုက သူတို့သူဌေးမှာအိမ်ထောင်ရှိပြီး လက်ထပ်ထားတဲ့သူကလဲယောက်ျားလေးတစ်ယောက်ဆိုတာသိကြတယ်...။ အချို့ကျ ထိုကဲ့သို့မသိထားရင်တောင်...တစ်ခါတစ်ခါ သူဌေးရုံးခန်းကိုရောက်လာတတ်တဲ့ အသားဖြူဖြူ ရေခဲရိုက်မျက်နှာထားနဲ့ကောင်လေးက သူတို့သူဌေးအတွက် ဘယ်လောက်အရေးကြီးတဲ့ပုဂ္ဂိုလ်ဖြစ်မှန်း ရိပ်မိကြတယ်...။ ဒါကြောင့်လဲ စက်ရုံပိုင်းနဲ့ရုံးပိုင်းနှစ်ခုလုံးက ခွန်းစစ်မင်းကိုဆို တလေးတစားဆက်ဆံတတ်ကြတယ်...။ မဟုတ်လဲ အဲ့လူအတွက် 'နောက်တစ်နေ့အလုပ်ဆက်ဆင်းစရာမလိုတော့ဘူး' ဆိုတဲ့စကားကို နားထဲသံရည်ပူလောင်းထည့်သလိုကြားရမှာကိုး...။ ဒါပေါ့...သူဌေးရဲ့အထူးပုဂ္ဂိလ်ကို ဘယ်သူမှ ပျက်ရယ်မပြုရဲဘူး...။
ခွန်းစစ်မင်းဘက်မှာကျတော့မတူပြန်ဘူး...။ သူနဲ့ခန့်သူရိန်သစ် အတူအလုပ်ဝင်ခဲ့တဲ့ဆေးရုံကအခြားတော့မဟုတ်ဘူး...။ ဦးစစ်နိုင်ရှိတဲ့ဆေးရုံပဲ...။ ဒါကြောင့် ခွန်းစစ်မင်းရဲ့ကိစ္စကိုသိတာကလဲ ထိုဆေးရုံမှာဆို ဦးစစ်နိုင်နဲ့ခန့်သူရိန်သစ်ပဲရှိတယ်...။
နဂိုတည်းက ခွန်းစစ်မင်းနဲ့လင်းခေတ်ဦးဆိုတာက သူတို့ယောက်ျားတစ်ယောက်နဲ့လက်ထပ်ထားကြောင်းကို တစ်လောကလုံးသိအောင်လိုက်ပြောပြနေဖို့ စိတ်ကူးမရှိတာမို့...တကယ်မလိုအပ်ပဲ ပါးစပ်ကနေထုတ်ပြောမိတ်ဆက်ပေးလေ့မရှိဘူး...။ မင်္ဂလာပွဲကိုတောင် နှစ်ဦးသဘောတူဆုံးဖြတ်ပြီး မိသားစုတွေ သူငယ်ချင်းတွေနဲ့ပဲ သီးသန့်အေးအေးဆေးဆေးကျင်းပခဲ့တာ...။
လူတိုင်းက အရာရာတိုင်းကိုသိဖို့မထိုက်တန်သလို...ကိုယ်တိုင်ကလဲ အရာရာကိုလိုက်ပြောပြနေဖို့ တာဝန်မရှိဘူး...။
" ဒါဘာလဲသိလား..."
" ဟားးး!..."
" Tiger...Tiiiiii...Gerrrr..."
" ထိုက်..."
" အင်း...ဂါး..."
" ဂါးးး..."
" ဟုတ်ပြီ...တော်တယ်..."
" ဟီး..."
" ပြန်ပြောကြည့်ပါအုံး..."
YOU ARE READING
ME, MYSELF AND MY FUCKIN' WORLD
Romance📌 Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] ဤ fiction တွင် အလွန်ပွင့်လင်းသော အကြောင်းအရာများနှင့် စကားအသုံးအနှုန်းများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ [Unicode] ဤ Fiction တွင် အလွန်ပွင့်လင်းသော အကြော...
Extra Part ~ 2
Start from the beginning