"ကျွန်တော်...အစ်ကိုကြီးကို ဒုက္ခမပေးချင်လို့ပါ။"
သွမ့်ရုံရှင်းက လေသံတိုးတိုးဖြင့် ပြန်ဖြေသည်။
"ဘာလဲ? ဒုက္ခပေးလို့ဝသွားလို့လား?"
လင်းမို ပြုံးစစနဲ့ မျက်ခုံးပင့်ကြည့်ပြီး မေးလိုက်၏။
"အဲ့..အဲ့လိုမဟုတ်...။"
အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်ဖြေနေတဲ့ဆရာတူညီငယ်ကိုကြည့်ပြီး လင်းမို သနားသွားမိပြန်၏။ သူစနေတော့ အချိန်ပိုကြာပြီး ဗိုက်အရမ်းဆာနေမှာပေါ့။ အဆာလွန်သွားရင် မကောင်းဘူး။
"ခနစောင့်။"
လင်းမိုက ပြောပြီးသည်နှင့် လှစ်ကနဲထွက်သွား၏။ မျက်စိရှေ့က လင်းမိုပျောက်သွားချိန်၌ စောစောက မျက်နှာတွေရော နားရွက်တွေပါ နီရဲနေတဲ့သွမ့်ရုံရှင်းတစ်ယောက် ခေါင်းမော့လာ၏။ သူ့မျက်နှာထက်၌ကား ရှက်ရွံ့နေသည့်အမူအရာတစ်စက်လေးမှပင်ရှိမနေဘဲ ရယ်ချင်စိတ်ကိုမနည်းအောင့်ထားရသည့်အမူအရာမျိုးသာရှိနေသည်။
"System...ငါမတော်ဘူးလား?"
"တော်လိုက်တာ။ ကျွန်တော်တောင် Hostသရုပ်ဆောင်ချက်မှာမြောသွား...အဲ...မေ့လို့။ နာမည်ခေါ်မှ replyပြန်မှာ။ နာမည်ပြန်ခေါ်။"
သွမ့်ရုံရှင်း : ...
"Replyပြန်လက်စနဲ့ ပြန်လိုက်တော့ သေသွားမှာမို့လား!?"
"မပြောတတ်ဘူးလေ။ ဒါပေမယ့် စည်းကမ်းကစည်းကမ်းပဲ။"
သွမ့်ရုံရှင်း : ...
"မင်းကိုကျ နာမည်ခေါ်ခိုင်းပြီး ငါ့ကျHostပဲခေါ်နေတာ တရားလား?"
"တရားပါတယ်။"
"...."
အကြိမ်ကြိမ်ခံရပြီးနောက်တွင်တော့ စောစောကရွှင်ပျနေသောသွမ့်ရုံရှင်း၏မျက်မှာ ပုပ်သိုးလာ၏။
"မင်းလိုအီးပေါလောစနစ်နဲ့ စကားမပြောတော့ဘူး။"
"နေနိုင်ရင် နေပေါ့။"
Systemတစ်ဖြစ်လဲ လင်းမော့ဟာတော့ ဘောက်ဆတ်ဆတ်ပြောကာ လိုင်းဆင်းသွားလေ၏။
...သူနဲ့ Systemရန်ဖြစ်ပြီးပြီးချင်းမှာပဲ လင်းမိုပြန်ရောက်လာသည်။ လက်ထဲမှာတော့ အရေဆုတ်ပြီးသား ယုန်တစ်ကောင်ကိုင်လို့။
YOU ARE READING
မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]
Fantasy'သောက်ကျိုးတွေ ချီးလိုနည်း!! ကိုယ်ဖန်တီးထားတဲ့ ကိုယ့်ဇာတ်ကောင်...တစ်နည်းအားဖြင့် ငါ့သားက ငါ့ကိုကြိုက်တယ်ဆိုတာ ယောင်လို့တောင်မတွေးမိဘူး!! ဒင်းကဘယ်တုန်းက ကွေးသွားတာတုန်း!! နောက်ပြီးတော့ ဟောဒီကမင်းဖေဖေငါက gayမဟုတ်ဘူးကွ!!' Artist : Lucy Xellies
အခန်း(၂၀)
Start from the beginning