အခန်း(၁၆)

18.5K 3.3K 26
                                    

[Zawgyi]

{ဆွေးမြည့်အဆိပ်}

တဖြည်းဖြည်းနှင့် ညအချိန်ရောက်လာခဲ့ချေပြီ။ သွမ့်ရုံရှင်းကတော့ ငြိမ်ကုပ်ကာ စောင့်နေခဲ့ရသဖြင့် မျက်လုံးများမှေးစင်းကာငိုက်နေပြီဖြစ်၏။ သူ့ခေါင်းကလည်း လင်းမိုဘက်ကိုမှီကျလာသည်။ ထိုအခိုက်မှာပင် အခေါင်းက သိမ့်ခနဲလှုပ်သွားသဖြင့် သွမ့်ရုံရှင်းတစ်ယောက် ငိုက်နေရာမှသတိပြန်ဝင်လာ၏။ သွမ့်ရုံရှင်း သူ့ပါးသူပြန်ဆွဲကာ အိပ်ချင်ပြေသွားအောင်လုပ်လိုက်သည်။

လင်းမိုဘက်လှည့်ကြည့်လိုက်မိသော်လည်း မှောင်မည်းနေသဖြင့် ဘာမှမမြင်ရ။ လင်းမိုလည်း အိပ်ပျော်နေမှာစိုး၍ သူ လင်းမိုကိုလှုပ်နှိုးလိုက်သည်။ ပါးစပ်ကပါအသံထွက်၍ ခပ်တိုးတိုးခေါ်မည်အပြု လက်တစ်ဖက်က သူ့ပါးစပ်ပေါ်ရောက်လာ၏။

ထို့နောက် လင်းမိုက သူ့လက်ကိုယူကာ စာရေးသည်။ ခံစားကြည့်ရသည်ကတော့ တိတ်တိတ်နေဟုရေးခြင်းပင်ဖြစ်လိမ့်မည်။  အမှောင်ထဲမှာအနည်းငယ်ကြာသွားပြီးနောက် သွမ့်ရုံရှင်း၏မျက်လုံးတို့ကလည်း ကျင့်သားရသွားပြီဖြစ်ကာ မြင်လာနိုင်ပြီဖြစ်၏။

သွမ့်ရုံရှင်းလည်း လင်းမိုလက်ကိုယူကာ ပြန်ရေးလိုက်သည်။

 "ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ?"

 "မသိဘူး။"

လင်းမိုပြန်ဖြေသည်ကား တုံးတိ။ သွမ့်ရုံရှင်းလည်း ဆွံ့အနေတော့သည်။ သူရေးထားတဲ့ ဇာတ်လမ်းနှင့် ယခုအခြေအနေကြီးကား လုံးဝကို ကွဲပြားနေသည်မို့ပင်။ မူလက သူရေးခဲ့သည့်အတိုင်းဆိုလျှင် အလောင်းစားမိစ္ဆာကိုမြို့ထဲမှာပင်ရင်ဆိုင်နှိမ်နှင်းကြတာဖြစ်သည်။ သို့မှသာ လင်းမို၏စွမ်းရည်ကို လူအများမြင်တွေ့ခွင့်ရပြီး နာမည်ကျော်လာမည်လေ။ အခုတော့ အခေါင်းထဲဝင်နေရသည့်အပြင် အလောင်းစားမိစ္ဆာသည်လည်းပေါ်မလာဘဲ သူတို့သည်သာရွှေ့ပြောင်းခံနေရ၏။ ဒါဆို လင်းမိုရဲ့သောက်ရမ်းမိုက်တဲ့စွမ်းရည်တွေကို ဘယ်သူမြင်တော့မှာလဲလို့!

သွမ့်ရုံရှင်း system၏သတိပေးစကားကိုသတိရမိသွားသည်။ မဟုတ်မှလွဲရော၊ သူတို့ကိုပိုအန္တရာယ်များတဲ့အခြေအနေကိုရောက်နေတာလား?

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now