အခန်း(၁၃)

19.7K 3.4K 21
                                    

[Zawgyi]

ကျင်းခန်တို့သုံးယောက် မြို့အဝင်ဝမှ တည်းခိုဆောင်သို့ သွားလိုက်ကြသည်။

"ဆိုင်ရှင်...အခန်းသုံးခန်းပေးပါ။ ကပ်လျက်ဆိုပိုကောင်းတယ်။"

ဆိုင်ထဲဝင်လိုက်ကြပြီးနောက် ကျင်းခန်ကပင် အခန်းငှားလိုက်လေ၏။

"ဟုတ်ကဲ့။ ဒီမှာသော့ပါခင်ဗျ။ အပေါ်ထပ်ကိုတက်သွားလိုက်ရင် ဘယ်ဘက်မှာ တဆက်တည်းအခန်းလွတ်သုံးခန်းရှိပါတယ်။ သခင်လေးတို့ တစ်ခုခုလိုအပ်ရင်လည်း ပြောနိုင်ပါတယ်။"

ငွေသိမ်းစားပွဲတွင်ထိုင်နေသော တည်းခိုခန်းပိုင်ရှင်က သော့သုံးချောင်းကိုကမ်းပေးကာပြောလာသည်။

"ကျေးဇူးတင်ပါတယ်။"

ကျင်းခန်က ဆိုင်ရှင်လှမ်းပေးသောသော့ကိုယူကာ ငွေချေပြီးနောက် သုံးယောက်သား အပေါ်ထပ်ကိုတက်သွားလိုက်ကြသည်။ လင်းမိုကို အခန်းထဲလိုက်ပို့ပြီးမှ ကျင်းခန်က မေးလေ၏။

"ညီသုံး...မင်းအဆင်ပြေရဲ့လား?"

"ပြေပါတယ်။ ကျွန်တော့်ကြောင့် ဒုက္ခများရပြီ။"

လင်းမိုက ခါတိုင်းနှင့်မတူစွာ ကောင်းကောင်းမွန်မွန်ပင်ပြန်ဖြေသည်။

"မဟုတ်တာ။ ညီအစ်တွေပဲ...ဒီလောက်လေးကို စကားထဲထည့်ပြောမနေနဲ့။"

ကျင်းခန်က လက်ခါပြလိုက်ရင်း သွမ့်ရုံရှင်းဘက်သို့ လှည့်ကာ ငေါက်လိုက်သည်။ သူတို့နောက်ကိုလိုက်လာရခြင်း၏ရည်ရွယ်ချက်မှာ ညီသုံးက ညီငါးကိုအနိုင်ကျင့်မှာစိုး၍ သူက ကာကွယ်ပေးရန်လိုက်လာခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ အနိုင်ကျင့်နေသူက ညီငါးဖြစ်နေပုံရ၏။ အန္တရာယ်နဲ့ကြုံနေရတာတောင် မကူဘဲပစ်ထားခဲ့ရတယ်လို့!

"ရုံရှင်း! မင်းက ညီသုံးကို ဘာလို့မကူရတာလဲ!?"

"အဲ့...အဲ့ဒါက..."

သွမ့်ရုံရှင်းမှာ အထစ်ထစ်အငေါ့ငေါ့နှင့် ဘာဖြေရမည်မှန်းမသိ။ လင်းမိုက သူ့အစားဝင်ပြောလာသည်။

"ကျွန်တော် သူ့ကို ဟိုမိန်းကလေးကိုခေါ်ပြီး သွားခိုင်းလိုက်တာပါ။ သူ့အဆင့်လောက်နဲ့ လာကူရင် ကျွန်တော့်အတွက်က ပိုပြီးတောင် ဒုက္ခများသေးတယ်။"

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now