အခန်း(၃)

28.4K 4.1K 252
                                    

[Zawgyi]

{အသက်ကလေးရယ်တဲ့ရှည်စေလို၊ သားကလေးအရိပ်ကိုခို}

စစ်ထျန်းတောင်သခင် ယွဲ့ယွမ်ရှီးသည် တပည့်သိပ်လက်ခံလေ့မရှိ။ တစ်တောင်လုံးတွင် တပည့်ငါးယောက်မျှသာ ရှိကာ သွမ့်ရုံရှင်းသည် မကြာသေးခင်ကမှ လက်ခံထားသော ငါးယောက်မြောက်တပည့်ငယ်လေးဖြစ်ပေ၏။ အကြီးဆုံးတပည့်မှာ ကျင်းခန်ဖြစ်ပြီး ဒုတိယမြောက်တပည့်သည် ဟန်ယွီမော့ဖြစ်လေ၏။ တတိယမြောက်တပည့်သည်ကား လင်းမိုဖြစ်ပြီး တပည့်ငါးယောက်လုံးထဲတွင် အထူးချွန်ဆုံးဖြစ်ကာ တောင်သခင်အချစ်ဆုံးတပည့်ဟုဆိုလျှင်လည်း မမှားပေ။ စတုတ္ထမြောက်တပည့်သည်ကား လင်းချန်ဟုခေါ်သည့် နတ်မိမယ်လေးပင်။

သွမ့်ရုံရှင်းအား တပည့်အဖြစ်လက်ခံပြီးမကြာမီ ဟယ်ရှင်းမြို့တွင် ရေမိစ္ဆာများသောင်းကျန်းလာ၏။ ရေမိစ္ဆာများမှာ ပင်လယ်အနက်ဆုံးပိုင်းများတွင်သာနေတတ်သောသတ္တဝါများဖြစ်ပြီး ရေဘဝများကဲ့သို့ ခြေတံလက်တံများ မြောက်များစွာပါရှိသည်။ ဟယ်ရှင်းမြို့မှာ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်ရကား တစ်ခါတစ်ရံတွင် ရေမိစ္ဆာများလာရောက်သောင်းကျန်းတတ်၏။

သို့သော် တစ်ကြိမ်ထက်တစ်ကြိမ်ပို၍ရက်စက်ကြမ်းကြုတ်လာသောရေမိစ္ဆာများကို ဟယ်ရှင်းမြို့ရှိအငယ်တန်းကျင့်ကြံသူလေးများမှာ မနှိမ်နှင်းနိုင်တော့။ ထို့ကြောင့် တောင်သခင်ယွဲ့ထံ အကူအညီတောင်းခံလာကြခြင်းဖြစ်သည်။

ရေမိစ္ဆာများနှင့်စစ်ထျန်းတောင်တပည့်များ၏ ဟယ်ရှင်းသင်္ဘောဆိပ်တိုက်ပွဲသည် ကြမ်းတမ်းပြင်းထန်လွန်းလှသည်။ သုံးရက်သုံးညတိတိကြာမြင့်ခဲ့ပြီး သူတို့အားလုံး စွမ်းအားများကုန်ခမ်းကာနီးအချိန်ရောက်မှ အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်၏။ သို့သော် လင်းမိုသည်တော့ သုံးရက်သုံးညတိုင်တိုင် မနားမနေတိုက်ခိုက်ခဲ့ရသည့်သူတစ်ဦးနှင့် လုံးဝမတူပါဘဲ ကြည့်ကောင်းနေဆဲဖြစ်၏။

နောက်ဆုံးတိုက်ပွဲတွင် သွမ့်ရုံရှင်းမှာ ရေမိစ္ဆာတစ်ကောင်၏ ရေအောက်သို့ဆွဲချသွားခြင်းကို ခံလိုက်ရလေသည်။ သို့သော် လင်းမိုက ချက်ချင်းလိုလိုပင် ရေအောက်သို့လိုက်သွားပြီး သွမ့်ရုံရှင်းအားရစ်ပတ်ထားသော ရေမိစ္ဆာ၏လက်တံများကို ပိုင်းဖြတ်ဖယ်ရှားကာ သွမ့်ရုံရှင်း၏ အင်္ကျီကော်လံကိုကိုင်လျက် ရေပြင်ထက်သို့ ဘွားခနဲပြန်ပေါ်လာပြီး သွမ့်ရုံရှင်းအား သင်္ဘောဆိပ်ထက်ပစ်တင်လိုက်၏။ သူကိုယ်တိုင်ကမူ သူ့အားဝိုင်းရံလာသောရေမိစ္ဆာများကို တိုက်ခိုက်ရင်းကျန်နေခဲ့လေ၏။

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now