ဂျီမင်း အနည်းငယ်အားနည်းနေသေး
ပေမယ့် ခြေလက်မျက်နှာသန့်စင်ပြီး
မနက်စာစားဖို့ ရေခဲသေတ္တာဖွင့်ကြည့်
တော့ ခေါက်ဆွဲခြောက်ထုပ်တွေနဲ့
အသောက်သောက် coffee ဗူးတွေ
မက်ဂျူပုလင်းတွေသာ ရှိသည်...
မနေ့တည်းက ကြောင်စာကလည်း
ကုန်နေပြီ ဖြစ်သည် ။ အပြင်ထွက်မှ
ဖြစ်မည့်အခြေအနေ ဖြစ်၍ အ၀တ်
အစားလည်းပြီး အပြင်သွားရန် ပြင်
လိုက်သည် ။

အပြင်မှ တံခါးဖွင့်သံကြား၍ ဘယ်
သူများဖြစ်မလဲ လှမ်းကြည့်တော့
ဂျောင်ဟိုဆော့ ။ထုံးစံအတိုင်း အထုပ်
တပုံတမ နှင့်ပေါ့ ....

" ဘယ်ကို သွားမလို့လဲ ဂျီမင်း "

" လိုအပ်တာလေး ၀ယ်မလို့ "

ထိုသို့ပြောတော့ ဟိုဆော့ကရယ်
လျက် .....

" ပိုက်ဆံရှိလို့လား "

" အာ... ဟုတ်သား ကျွန်တော့်
မှာ ပိုက်ဆံမရှိဘူး ... ဖုန်းလဲ မရှိ
ဘူး ... ကျွန်တော့် ဘ၀ကလည်း
အကျဉ်းသား လိုပဲ "

ဂျီမင်းစကားကိုကြားတော့ ဟိုဆော့
က ဟက်ဟက်ပက်ပက်ပင် ရယ်တော့
သည် ။ ဂျီမင်းလည်း အပြင်မသွားရတော့
ဝတ်ထားသော Rain code ကို ချွတ်
ပြီး couch ပဲ စိတ်ပျက်လက်ပျက်ထိုင်
ကြလိုက်သည် ။

" ဂျီမင်း... ဘာစားချင်လဲ အကိုလုပ်
ပေးမယ်လေ "

" ကျွန်တော် ကြောင်စာလိုချင်တယ်
ဂီဂီ အရမ်းဗိုက်ဆာနေမှာ "

" စိတ်မပူနဲ့.. အကိုဝယ်လာတယ် "

" အဲ့တာဆိုလည်း coffee ပူပူလေးနဲ့
ကွတ်ကီး နှစ်ချပ်လောက်ပဲ "

" ဘာလို့ နည်းနည်းလေးစားတာလဲ "

" ကျွန်တော် ၀ိတ်တက်မှာ ဆိုးလို့ "

ဂျီမင်းက ရွတ်ရွတ်နောက်နောက်ပြော
တော့ ဟိုဆော့လည်း ရယ်ပြန်သည် ။
ဂျီမင်းအတွက်တော့ ဟိုဆော့က
တကယ့်ကို အကိုကောင်း တစ်ယောက်
ဟိုဆော့က coffee နှစ်ခွက်နှင့် ကွတ်
ကီးဘူးကို စားပွဲပေါ်ချပေးလိုက်သည် ။

LEWD DESIRE || YM° [completed]Where stories live. Discover now