ရှီကျင်းလည်း ရူးချင်​လာသလိုလို
ဖြစ်​​နေ၍ အခန်းတစ်​​လျှောက်​​ဝေ့ကြည့်​လိုက်​ပြီး
စာ​ရေးစားပွဲနားတိုးသွားလိုက်​သည်​။
ထို့​နောက်​​ဘောပင်​ထည့်​ထားသည့်​ခွက်​ထဲမှ
ဓားပြား​လေးတစ်​ခုကိုဆွဲယူလိုက်​ပြီး
သူ၏လက်​​ကောက်​ဝတ်​​ပေါ်တင်​ကာ
အလျားလိုက်​ လှီးဖြတ်​လိုက်​​တော့သည်​။
သွေးများဟာ စတင်​စီးကျလာသည်​။

ရှောင်​စစ်​သည်​ ရုတ်​ချည်း
က​ယောင်​​ချောက်​ခြားဖြစ်​လာသည်​။

"ဒါ​သေချာ​ပေါက်​ ငါ့ကိုယ်​ငါ ကယ်​​နေတာ​ပေါ့။
အဲ့ဖုန်းကို ငါပြန်​မ​ဖြေနိုင်​ဘူး..အကယ်​၍
ငါကိုင်​လိုက်​ပြီး စကား​ပြောမှားကြည့်ပါလား
ငါ့အစ်​ကိုရဲ့ အမုန်း​တွေပဲပိုတိုးလာမှာ အဲ့ဒါဆို
အရာအားလုံးအဆုံးသတ်​သွားမှာ"

အန္တရာယ်​ရှိ​သောကပ်​ဆိုးနှင့်
ထိပ်​တိုက်​​နေမည့်အစား ရှီကျင်းသည်
စိတ်​ကို​လျော့ချလိုက်​သည်​။လက်​​ကောက်​ဝတ်​ကို
ခပ်​နက်​နက်​လှီးထားပြီး​​နောက်​ မူလရှီကျင်း၏
စာရွက်​စာတမ်း​တွေနှင့်​​ငွေသားအားလုံးကို
အလျင်​အမြန်​ ရှာ​ဖွေသည်​။ထို့​နောက်
ကုတင်​​ပေါ်မှ သခွားသီးဖက်​လုံးကို ယူကာ
ကြွေဇလုံထဲ​ရေဖြည့်​ရန်​ ​ရေချိုးခန်းထဲ
သွားလိုက်​သည်​။

ရှောင်​စစ်​သည်​လည်း ရှီကျင်း၏အပြုအမူများကို
သေ​သေချာချာ​စောင့်​ကြည့်​​နေသည်​။
လက်​​ကောက်​ဝတ်​ကိုဖြတ်​ပြီး ​ရေဇလုံထဲ 
ရေ​နွေးဖြည့်​​နေတာက..ဒါက..
စံထားရ​လောက်​တဲ့ကိုယ့်​ကိုယ်​ကိုသတ်​​သေတဲ့
နည်းလမ်းမလား?

ရှီကျင်းသည်​ ​ရေဇလုံထဲ​တောင်​ 
ရောက်​နှင့်ပြီးဖြစ်​သည်​။
သွေးဆုံးရှုံးထားခြင်း​ကြောင့်​ ဖြစ်​​ပေါ်​နေ​သော
မူး​ဝေခြင်းကို ​တောင့်​ခံပြီး သခွားသီးဖက်​လုံး၏
ချုပ်​ရိုးကို ခွဲကာ ထိုအထဲသို့ သူ၏
စာရွက်​စာတမ်းများ ​ပိုက်​ဆံများ အားလုံးကို
ထိုးထည့်​​လေသည်​။ထို့​နောက်
ဖက်​လုံး​လေးအားဖက်​ကာ မျက်​လုံးမှိတ်​ပြီး
လှဲ​လှောင်းလိုက်​သည်​။

 သေခြင်းတရား ယူနစ်ဘား [ဘာသာပြန်]जहाँ कहानियाँ रहती हैं। अभी खोजें