နိုးထလာ​သောနှလုံးသား(Final)

11.3K 524 13
                                    

နိုးထလာ​သောနှလုံးသား
Ep-18
ဇာတ်​သိမ်းပိုင်း

"ဘိုင့်​ဘိုင်​"

လီလီမျက်​ရည်​များနှင့်​နှုတ်​ဆက်​​နေသည်
သူဒီသူငယ်​ချင်း​တွေနဲ့ခွဲရအုံးမယ်​မဟုတ်​လား

ရိ​ပေါ်တို့သုံး​ယောက်​လဲစိတ်​​တော့မ​ကောင်းပါ

"ရိ​ပေါ် နင်​တို့မင်္ဂလာ​ဆောင်​ရင်​ငါ့ကိုဖိတ်​ရမယ်​​နော်​"

"​အေးပါဟာ"

"ငါချက်​ချင်းပြန်​လာပြီးဂုဏ်​ပြု​ပေးမယ်​"

"အင်း"

"ငါသွားပြီ"

ရိ​ပေါ်တို့သုံး​ယောက်​လုံးလက်​ပြနှုတ်​ဆက်​လိုက်​သည်
လေယာဉ်​​လေးပျံဝဲသွား​တော့မှသုံး​ယောက်​သား
အိမ်သို့ပြန်​လာခဲ့ကြသည်

..........

"ဘာလဲအကိုကသတ္တိမရှိတာလား"

"အကိုကအဲ့လိုသ​ဘော​ပြောတာမဟုတ်​ပါဘူးကွာ
ဒါ​ပေမယ့်​.."

"အကိုနဲ့ကျ​တော်​ချစ်​သူသက်​တမ်းပဲ
တစ်​နှစ်​​ကျော်​နေပြီ​လေ
ဒါ​တောင်​အကိုကအခုထိ
ဝန်​ထမ်း​တွေလုပ်​​ဖော်​ကိုင်​ဖက်​​တွေကိုချပြဖို့သတ္တိမရှိဘူးလား
ဒါမှမဟုတ်​ကျ​တော့်​ကိုတကယ်​မချစ်​လို့.."

"​တော်​​တော့​ရှောင်​ကျန့်
မင်းကိုတကယ်​မချစ်​ပဲဒီအ​ခြေ​နေအထိ​ရောက်​မလာဘူး"

"ဒါဆိုအကို့အသိ​တွေနဲ့တရားဝင်​မိတ်​ဆက်​​ပေး​လေ"

"​ရှောင်​ကျန့်​မင်း​တစ်​ဇွတ်​ထိုးမဆန်​နဲ့
က​လေးလည်းမဟုတ်​​တော့ဘူး"

"က​လေးမဟုတ်​​တော့လို့​ပြော​နေတာ​ပေါ့အကိုရာ"

"ကျစ်​..​တော်​ပြီကွာအလုပ်​သွား​တော့မယ်
ပြန်​လာမှဆက်​​ပြောမယ်​"

ပြောကာရိ​ပေါ်အိမ်​ပြင်​မှာရပ်​ထား​သော
ဝမ်​နင်​ကားထဲသို့ဝင်​လိုက်​သည်

"ပြန်​လာလဲ​ပြောစရာစကားမရှိ​တော့ဘူးအကို
ကျ​တော်​ကအကို့အလုပ်​​လောက်​မှအ​ရေးမပါတာ"

ရိ​ပေါ်ရဲ့ကား​လေးက​တော့ထွက်​သွားပြီ
ရှောင်​ကျန့်​မျက်​ရည်​မဆည်​နိုင်​​အောင်​ကျ​တော့သည်
သူဒီ​နေ့​ကျောင်းမသွားချင်​ဘူးဆိုကာ
ရိ​ပေါ်အလုပ်​ကိုလိုက်​ခဲ့မည်​ဟု​ပြောပြီး
ရိ​ပေါ်ရဲ့အသိများနှင့်​တရားဝင်​မိတ်​ဆက်​​ပေး​စေချင်​မိတာ

နိုးထလာ​သောနှလုံးသား(Completed)Where stories live. Discover now