နိုးထလာ​သောနှလုံးသား(Ep-10)

7K 489 2
                                    

နိုးထလာ​သောနှလုံးသား
Ep-10

ရှောင်​ကျန့်​အိပ်​ယာနိုးလို့နာရီကြည့်​​တော့ ၁၁နာရီခွဲ
ဝှါး ငါ​အကြာကြီးအိပ်​​ပျော်​သွားတာပဲ
အကိုအဆင်​​ရော​ပြေလားမသိဘူး
ရှောင်​ကျန့်​အိပ်​ယာမှအလူးအလဲထကာ
ထမင်းစားခန်းထဲသို့ပြာပြာယာယာ​ရောက်​လာသည်

"နိုးပြီလား ​ရှောင်​ကျန့်​"

ရိ​ပေါ်တစ်​​ယောက်​​ရေမိုးချိုးပြီးဖြစ်​၍
ထမင်းစားခန်းတွင်​ထမင်းဝိုင်းအသင့်​ပြင်​ကာ
ရှောင်​ကျန့်​ အား​စောင့်​​နေခြင်းဖြစ်​သည်

"ဟုတ်​ အကို​လေး
ကျ​တော်​အိပ်​​ပျော်​သွားလို့ ​တောင်းပန်​..."

"စကားမများနဲ့ လာထိုင်
အဆင်​သင့်​စားရုံပဲ"

ရွဲ့​ပြောတာလား ​စေတနာနဲ့လားမသိ​ပေမယ့်
ရှောင်​ကျန့်​ဝင်​ထိုင်​လိုက်​သည်

Wow ဟင်း​တွေမှအများကြီး
အကိုကဟင်းချက်​လဲ​တော်​တာပဲလား
ရှောင်​ကျန့်​​တွေး​နေစဉ်​ သူ၏ပန်းကန်​ထဲသို့
ဟင်​များအစီအရီ​ရောက်​လာသည်

"စားကြည့်​ ဒါကဗူးသီးဟင်းရည်
ဒါကကြက်​သားဆီပြန်​ချက်
ဒါကဝက်​သားနဲ့အာလူး​ရောချက်​ထားတာ
ဒါက...."

ဒါ​ပေါင်းများစွာနဲ့ဟင်းမျိုးစုံက
ရှောင်​ကျန့်​ပန်းကန်​ထဲအ​မောက်​အလျှံ
ထမင်းပင်​ရှာမ​တွေ့​တော့

"ရပြီအကို​လေး များ​နေပြီ"

ထို​တော့မှရိ​ပေါ် ​ရှောင်​ကျန့်​ပန်းကန်​အားပြန်​ကြည့်​မိ​တော့
အယ်​ဟုတ်​သား

"စားကြည့်​​လေ "

"ဟုတ်​အကို​လေး"

ရှောင်​ကျန့်​တစ်​လုတ်​စားပြီး​နောက်
မျက်​လုံးများပြူးကာ
လက်​မ​လေး​ထောင်​ပြရင်းမှ

"Wowအကို​လေး အ​ကောင်းဆုံးပဲ
အကို​လေးဟင်းချက်​တာဘယ်​အရွယ်​ထဲကချက်​တတ်​တာလဲ"

ရှောင်​ကျန့်​က​တော့ဘာရယ်​မဟုတ်
သိချင်​သည်​ကို​မေးကာ
ထမင်းကို​ခေါင်းမ​ဖော်​တမ်းစား​နေသည်
ရိ​ပေါ်မှာ​တော့ ဘာပြန်​​ပြောရမှန်းပင်​မသိ

နိုးထလာ​သောနှလုံးသား(Completed)Where stories live. Discover now