နိုးထလာ​သောနှလုံးသား(Ep-5)

7.4K 560 1
                                    

နိုးထလာ​သောနှလုံးသား
Ep-5

အကိုကမိန်းမ​တွေကိုမုန်းသည်​တဲ့
ကိုယ့်​ကိုယ်​ကို​ယောက်ျား​လေးအဖြစ်​ရှိ​နေလို့
ကျေးဇူးတင်​မိတယ်
အကိုကျ​တော့်​ကို​တော့မမုန်းဘူးမလား
ရှောင်​ကျန့်​တစ်​​ယောက်​အပင်​​ရေဖြန်းရင်း
အ​တွေးလွန်​​နေရာမှ လူတစ်​​ယောက်​က​ခေါင်းထဲ​ပေါ်လာတယ်
စစ်​​ကျွေး သွားပြီ ဒီ​ကောင်​ကငါ့ဖုန်းကို​မျှော်​​နေ​​တော့မှာ
ရှောင်​ကျန့်​​ရေပိုက်​ကိုထားခဲ့ကာ
အိမ်​ထဲကဖုန်း​လေးရှိရာသို့

ဖုန်းနံပါတ်​မမှတ်​မိတာမို့အခန်းထဲမှ
ဖုန်းနံပါတ်​သီးသန့်​မှတ်​ထားတဲ့
note bookအ​သေး​လေးကိုယူလာကာ
လှန်​​လှောရင်းမှ​တွေ့ပါပြီ
ဖုန်းဝင်​ပြီး​နောက် တဖက်​မှ

"​ဝေ ဘယ်​သူလဲခင်​ဗျ"

"​ဝေ စစ်​​ကျွေး ငါကွ ငါ​ရှောင်​ကျန့်​"

"ဟာ​ရှောင်​ကျန့်​စုတ်​ ခုမှပဲဖုန်း​ခေါ်​တော့တယ်
ငါကမ​နေ့တည်းကမင်းဖုန်းကို​မျှော်​​နေတာ"

ထင်​သည့်​အတိုင်းပင်​ငါ့ဖုန်းကို​မျှော်​​နေသည်​တဲ့

"​အေးကွာ ငါလည်း​မေ့သွားတယ်​ ​သွေ့ပုကျိ"

"ငါ့ဆိုမင်းဘယ်​တုန်းကများအမှတ်​ရဖူးလို့လဲ"

အင်းဟုတ်​​တော့လည်းဟုတ်​သည်
ငါဆိုသည်​မှာလဲ​ကျောင်းစာကလွဲရင်
ကျန်​တာ​တွေကိုမှတ်​ထား​လေ့သိပ်​မရှိ
အခုပဲကြည့်​​လေ ဖုန်းနံပါတ်​​တောင်​မမှတ်​မိလို့
စာအုပ်​​လေးကကူညီရပြန်​တယ်
ဘာအမှတ်​တရမှလည်းမှတ်​မထားဘူး
မှတ်​ထားရင်​သတိရမယ်
သတိရရင်​သံ​ယောဇဉ်​ဆိုတဲ့ကြိုးကပါလာမယ်
ပြီးရင်​အဲ့သံ​ယောဇဉ်​ကြိုးနဲ့ပဲကျ​တော့်​ကိုချည်​မယ်
မေ့ဖို့ခက်​ခဲတဲ့အချိန်​တစ်​ခု​ရောက်​ရင်
ကျ​တော့်​ကိုထားပြီးထွက်​သွားကြမှာ

"​အေးပါကွာမင်းကလည်း ခုဖုန်းဆက်​​နေပြီပဲ
ဒါသတိရလို့​ပေါ့ကွ"

"ဟုတ်​ပါပြီကွာ ဒါနဲ့မင်းကအလုပ်​ရပြီလား
ဘာအလုပ်​လဲ အခုကဘယ်​မှာ​နေ​နေတာလဲ
နေရထိုင်​ရစားရ​သောက်​ရတာ​ရော အဆင်​​ပြေလား
ပြီး​တော့...."

နိုးထလာ​သောနှလုံးသား(Completed)Where stories live. Discover now