နိုးထလာ​သောနှလုံးသား(Ep-1)

26.1K 813 12
                                    

ရှာင်​ကျန့်​ ​ရှောင်​ကျန့်
မင်းစာ​မေးပွဲ​အောင်​တယ်​ကွ
D4လုံးပါတယ်​"

အော်​​ခေါ်ကာဝမ်းသာ​နေ​သောအသံနဲ့အတူ
အိမ်​​ပေါ်တက်​လာ​သောစစ်​​ကျွေးတစ်​​ယောက်
မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်
ပြောစရာစကားလုံးများပင်​မရှိ​တော့​လောက်​​အောင်​ဆွံ့အသွားသည်
"​ေ
"​ရှောင်​ကျန့်​ အန်​တီကဘယ်​လိုဖြစ်​တာလဲကွ"

ရှောင်​ကျန့်​တစ်​​ယောက်​ပြန်​​ဖြေဖို့အားအင်​ပင်
ကုန်​ခမ်း​နေပြီ

"........"

"​ဟျောင့်​​ဖြေအုံး​လေကွာ"

ရှောင်​ကျန့်​မျက်​ရည်​များတွင်​တွင်​စီးကျ​နေရာမှ
အားယူကာ

"မား..မား..မ​နေ့..က..အသည်းအသန်​ဖြစ်​တယ်
ငါ..ငါက​ဆေးခန်းသွားမယ်​ဆို​တော့လည်း
မသွားဘူးတဲ့ကွာ..သူ့မှာရှိတဲ့​ဆေးပဲ​သောက်​မယ်​တဲ့..
ငါလည်းအရင်​လိုခနဖြစ်​တာ..မနက်​​ကောင်းသွားမှာပဲဆိုပြီး.
ပေါ့ဆခဲ့မိတာ..ဒါ​ပေမယ့်​..ဒါ​ပေမယ့်​ကွာ
မနက်​နိုးလို့ကြည့်​လိုက်​​တော့..မားအသက်​မရှိ​တော့ဘူး"

မျက်​ရည်​လည်​ချွဲဖစ်​​နေ​သောသူ၏သူငယ်​ချင်းအား
ကြည့်​ကာ
စစ်​​ကျွေးတစ်​​ယောက်​ဘယ်​လိုစကားလုံးမျိုးဖြင့်
နှစ်​သိမ့်​ရမည်​မှန်းမသိ​တော့ပါ
သူ၏သူငယ်​ချင်း​လေး​ရှောင်​ကျန့်​ကအ​မေတစ်​ခုသားတစ်​ခုနဲ့ ဘဝကိုရုန်းကန်​ခဲ့ရတယ်​ အ​ဖေက​ရှောင်​ကျန့်​ငယ်​စဉ်​ကပင်​ အရက်​ဒဏ်​ပိကာဆုံးပါးခဲ့တယ်
အ​မေရှိ​သေးတယ်​ဆိုတဲ့စိတ်​နဲ့ဘဝကိုကြိုးစားပြီး
၁၀တန်းစာ​မေးပွဲကို​ဖြေခဲ့တာ ခုဆိုရင်​သူစာ​မေးပွဲ​အောင်​ပြီ
ဒါ​ပေမယ့်​သူ့မားက​တော့ သူစာ​မေးပွဲ​အောင်​တာ​တောင်​မသိလိုက်​ရပဲ နှုတ်​ဆက်​သွားရှာတယ်
ရှောင်​ကျန့်​ရာ ငါမင်းကိုဘယ်​လိုအင်​အားမျိုးနဲ့နှစ်​သိမ့်​​ပေးရပါ့
စစ်​​ကျွေးက​တော့သူ့သူငယ်​ချင်း​အား
ဖက်​ကာ​​တွေး​နေမိသည်

ရှောင်​ကျန့်​မားရဲ့ဈာပနာပြီး​နောက်

"​ရှောင်​ကျန့်​ခုမင်းဘာဆက်​လုပ်​မလဲ"

နိုးထလာ​သောနှလုံးသား(Completed)Where stories live. Discover now