အခန်း(၁၂)

Start from the beginning
                                    

"Systemပူတူတူးလေး....စိတ်ကောက်နေတာလား?"

"ကောက်စရာလား။ Systemတွေမှာ ခံစားချက်မရှိဘူး။"

အသိသာကြီးကို ငြင်းနေသေးတယ်!

သွမ့်ရုံရှင်းမှာ ရယ်ချင်သော်လည်း မရယ်ရဲ။ တစ်ဖက်မှာ ရေခဲတုံးမျက်နှာနဲ့ ဝမ်းမနာသားလေးလင်းမို။ တစ်ဖက်က စိတ်ကောက်နေတဲ့ System...။

"အေးပါ...။ ထားပါတော့။ ငါရေးတုန်းက လင်းမိုဒဏ်ရာမရဘူးဆိုတာ သေချာပါတယ်။ အခုက ဘယ်လိုဖြစ်..."

သူ့မှာ စကားပင်ဆုံးအောင် မပြောရသေး...Systemက ထအော်လေတော့သည်။

"ဘယ်လိုဖြစ်ရမှာလဲ? Hostမှ အသုံးမကျတာ။ အားနေ ဇာတ်လိုက်ကောင်ခြေသလုံးဖက်ဖို့နဲ့ မိန်းမပေးစားဖို့ပဲတွေးနေပြီး။ ကျင့်ကြံတာရော....သိုင်းပညာလေ့ကျင့်တာရော တစ်ခုမှမလုပ်ဘဲနဲ့။ ပေးထားတဲ့packageတွေ အလကားဖြစ်တယ်..ဟွန်း!"

"ငါမလေ့ကျင့်မိဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လင်းမိုဒဏ်ရာရတာ ငါနဲ့ဘာဆိုင်တုန်း?"

သွမ့်ရုံရှင်း အတတ်နိုင်ဆုံးလေသံကိုပျော့ထားကာမေးလိုက်သည်။ တကယ်ကို သူနဲ့ဘာမှမဆိုင်ဘူးလေ။ မဟုတ်မှလွဲရော ဇနီးလောင်းလေးကို သူဝိုက်သွားမှာစိုးတဲ့စိတ်နဲ့ အာရုံပျံ့နေလို့များလား။

"မဟုတ်တာတွေ တွေးမနေနဲ့! လင်းမိုဒဏ်ရာရတာ Hostက အဓိကတရားခံ။ လင်းချန်နဲ့တုန်းက လင်းချန်က ကူညီတယ်လေ။ သူ့ပညာက ဇာတ်လိုက်ကို မမှီပေမယ့် Hostထက်တော့ အပုံကြီးသာတယ်။ ဘယ်ဒဏ်ရာရမလဲ? Hostကတော့ ထွက်ပြေးဖို့ပဲတတ်တယ်လေ။ ဘာမှမတတ်ဘဲနဲ့ ဖင်ယားပြီး သွားကယ်ချင်သေး။ လဲသေလိုက်အဲ့မှာ။"

"ချီးထုတ်System....အမှန်တွေ မပြောနဲ့ဟ။"

သွမ့်ရုံရှင်း သွေးအန်ချင်သွားမိသည်။ Systemပြောတာလည်း အမှန်ပဲကို။

"ချီးလူးHost!! အခုသိပြီလား...ကိုယ့်အမှားကိုယ်။ ဇာတ်လိုက်ကောင်ခြေသလုံးဖက်ဖို့ပဲ ချောင်းမနေနဲ့။ တော်ကြာဇာတ်လိုက်သတ်လို့မသေဘဲ မိစ္ဆာကောင်တွေလက်ချက်နဲ့ သေနေမယ်။ ကိုယ်ရေးထားတဲ့ဝတ္ထု အကြောင်း ကိုယ့်ဘာသာသိ။ ဟွန်း!!"

မင်းဖေဖေငါက...Gayမဟုတ်ဘူး!! [Completed]Where stories live. Discover now