Menu စာရွက်ကို ထူးထူး ရှေ့ ၊
ထိုးပေးလိုက်တော့ ထူးထူးက
တစ်ရွက်ချင်းဆီ လှန်ကြည့်ကာ....လွန်ခဲ့တဲ့ နှစိတွေတုန်း က ဒီလိုအစားအစာတွေနဲ့
လုံးဝ အသားမကျခဲ့..၊ ခုတော့ မေမေတို့ ခေါ်တဲ့
နေရာတွေ လိူက်ရင်း အသားကျခဲ့ပြီ ဖြစ်သည်။
ကိုယ်တိုင်သွားမစားဖြစ်သော်လည်း
ကိုခွန်းသော်တို့ ခေါ်လို့လိုက်ရင်
ဒီလို ဆိုင်က များသည်လေ။ဦးသန့်ဇင်၏ ပိုက်ဆံ တွေ လူံးဝ မသုံးဟု
တစ်နှစ်လောက်ထိ တေးနိုင်သော်လည်း.. ၊
ခုချိန်မှာတော့ သူ့သားတစ်ယောက်အဖြစ်
နေသားကျနေပြီ ဖြစ်သည်။ထူးထူး စားချင်တာ မှာလိုက်ပြီးနောက်
မျက်နှာမလွှဲ စိုက်ကြည့်နေသော MD ကို
ပြန်ကြည့်လိုက်ကာ menu
စာရွက်ထိုးပေးလိုက်ပြီး....."MD.. မှာလေ.."
"ကိုက မှာပြီးပြီ... "
"ဪ..
"ဒီခါးပတ်ကို . နေ့တိုင်းပတ်ရမလို ဖြစ်နေပြီ..."
သူက ခါးပတ်လေးကို ကြည့်မဝဖြစ်ကာ
စသလိုပြောတော့ ထူးထူးပြုံးလိုက်မိသည်။............
"အသူရာ....ဒီမှာ ကြည့်ဦး...."
ဝတ်ရည် ပြသော ဖုန်းကို ယူကြည့်လိုက်တော့
ဓာတ်ပုံတစ်ပုံ...၊ စားသောက်ဆိုင်တွင်
မုန့်စားနေသော ထူးထူးနှင့် ထူး၏ ရှေ့မှာ
နောက်ကျောသာ မြင်ရသော လူတစ်ယောက်.
ထိုင်နေသည်။
နောက်တစ်ပုံကျတော့ ထိုလူ့မျက်နှာကို
မြင်လိုက်ရတော့......"ဟင်. အဲ့တာ TR က MD ပဲ..."
"ဟုတ်တယ်လေ ၊ သူနဲ့ ထူးထူးနဲ့ ဘယ်တုန်းက
ရင်းနှီးသွားတာလဲ....?
fujoshi တွေက ship နေကြပြီ..."ဝတ်ရည်ပြောမှ caption ကိုကြည့်လိုက်တော့ ....
** TR MD ကြီးနဲ့ artist htoo hoo လေးပါလား ..
ကိုယ်တော့ ship ပြီလေ....
အခြေအနေ အသေးစိတ်ကို
စတင် စုံစမး်မည်** ဆိုပဲဝတ်ရည်က ဆူပုတ်ကာ
မကျေမနပ်ဖြစ်နေလေသည်။
ကြည့်ရတာ ထူးကို သူ့အကိုနဲ့ပဲ
သဘောတူထားပုံရသည်။MD နဲ့ ထူးထူး ညစာသွားစားတာတော့
အသူရာ မသိပေမယ့် MD ကြီး
ထူးကို အကြိုအပို့ လုပ်ပေးနေတာတော့သိသည်။ ထို့ကြောင့် ဝမ်းသာအားရပင်
ထူးအား support လုပ်ပေးဖြစ်သည်။
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်
Part-42 ( Unicode)
Start from the beginning