Part-37 (Unicode)

5.8K 435 3
                                    

ပန်းခြံထဲတွင် တစ်ယောက်ထဲ ပန်းချီဆွဲနေစဥိ
ခြံထဲသို့ မေမေ့ကားလေး ဝင်လာတာကို
တွေ့လိုက်ရသည်။
ခရီးက ပြန်လာပြီထင်တယ်..၊
ကြည့်ရတာတော့ ဦးသန့်ဇင် ပါပုံမရ.. ၊
တစ်ယောက်တစ်နေရာ သွားတာဖြစ်မည်။

မေမေက ကားပေါ်က ဆင်းပြီး
ထူးထူးရှိရာကို လျှောက်လာကာ....

"သားလေး... မနက်ဖြန်ကျရင် passport သွား
လုပ်ထားတော့... မေမေ သားကို
တစ်နေရာ ခေါ်သွားစရာရှိလို့..."

"ဘယ်ကိုလဲ မေမေ...?"

"ပွဲတစ်ခုပါ သား..၊
အရမး်အရေးကြီးတဲ့ ပွဲတစ်ခု
ဘန်ကောက်မှာ လုပ်မှာ...သားပါ လိုက်ရမယ်...."

"ထူး မလိုက်ချင်ဘူး မေမေ.."

"မရဘူး... လိုက်ရမယ်... ၊
မနက်ဖြန် သွားလုပ်ထားလိုက်.."

မေမေက ထူးထူးရဲ့ အဖြေစကားကိုတောင်
မစောင့်ပဲ အိမ်ထဲ ဝင်သွားသည်။
မေမေက ထူးထူးကို တစ်ဖြည်းဖြည်းချင်း
သူတို့ အသိုင်းအဝိုင်းထဲ ဆွဲသွင်းဖို့ကြိုးစားနေတာ
ထူးထူးသိသည်။ အဲ့လို ဘယ်တော့မှ ဖြစ်လာမှာ
မဟုတ်ဘူး ဆိုတာကို မေမေ မြန်မြန် သိပါစေ။

............

"သား passport လုပ်ထားပြီလား...?"

ဦးသန့်ဇင် ပြန်ရောက်တဲ့ ညတွင်
လေးယောက် အတူ ထမင်း လက်စုံ
စားဖြစ်ကြသည်။

ဦးသန့်ဇင်က ထူးထူးကို မေးလိုက်သော
မေးခွန်းကြောင့် ထူး ခေါင်းညိတ်လိုက်ကာ...

"ဟုတ် လုပ်ထားပြီ အန်ကယ်..."

"အင်း ဘယ်နေ့ရမှာလဲ...?"

"ဆယ်ရက်လောက်တော့ကြာဦးမယ်..."

"အင်း အဲ့တာဆို မမှီလောက်တော့ဘူး...၊
မနက်ဖြန် ကလေးတစ်ယောက်လွှတ်ပြီး
အမြန်လုပ်ခိုင်းမှ အဆင်ပြေမှာ...."

ဦးသန့်ဇင်က မေမေ့ကို ဦးတည်ပြောတော့....

"အင်း ကိုသန့် အဆင်ပြေသလိုလုပ်လေ..."

ငြိမ်နေသော ခွန်းသော်အား
ထူးထူး လှမ်းကြည့်မိတော့..

"ကျွန်တော်က မော်နဲ့ပဲ တူတူသွားလိုက်မယ်..."

ဟူ၍ထပြောသည်။
မော်လဲ ပါတာပေါ့...
အားလုံးနဲ့ သိတဲ့ မိတ်ဆွေ ရဲ့ ပွဲထင်တယ်.... ။
သူတို့ အသိုင်းအဝိုင်းက အကုန်
ဆက်စပ်နေတာ ဆိုးတာပင် ။

ဒဏ္ရာWhere stories live. Discover now