Part-32 ( Unicode)

Start from the beginning
                                    

"တကယ်တော့ အာဏာတို့ ပြိုင်ပွဲ အကြောင်းကို
အာဏာ မပြောခင်ထဲက ထူးသိပြီးသားပါ၊
သိသိရက်နဲ့ အာဏာ့ကိုပဲ အဖြေပေးခဲ့တာက
ထူး အာဏာ့ကို တကယ်ချစ်မိသွားလို့ပါ၊ ...."

ထူးထူး လေသံမျှ ပြောနေတဲ့ စကားသံလေးရဲ့
အဆုံးက တိမ်ဝင်သွားပြီး ဝဲတက်လာသာ
မျက်ရည်များကို မနည်းထိန်းရင်း အာဏာ့ကို
မျက်နှာလွှဲထားမိသည်။
အာဏာကတော့ ထူးထူးရဲ့ စကားကို
အံ့သြမင်တက်လျှက်....

"ဒါဆို ဘာလို့မော့်ပုံကို
ဘာလို့ မဖျက်သေးတာလဲ..?"

" အဲ့တာ ထူး တမင်လုပ်ခဲ့တာ. ..၊
ထူးထူးကို လိမ်နေကြမှန်းသိလို့
နည်းနည်းလေးပဲဖြစ်ဖြစ် အနိုင်ပြန်ယူချင်မိလို့
တမင်လုပ်ခဲ့တာပါ .."

"မဆိုးပါဘူး...၊
သူ့ဆင်ခြေနဲ့သူတော့ အံဝင်ဂွင်ကျသားပဲ..."

အာဏာ့စကားကြောင့် ရင်ထဲ နာကျင်သွားရသည်။
ဒါဟာ အမှန်တရားဖြစ်တယ်ဆိုတာကို
ထူး ထပ်ပြီး မရှင်းပြနေချင်တော့၊ ..

အာဏာ ထိုင်နေရာမှ ထလိုက်ပြီး...

"မင်း ငါ့ကို တကယ်ချစ်ခဲ့တာကို
ဘယ်လိုသက်သေပြမလဲ...?.."

ထူးချစ်တာကို သူအခုထိ ယုံကြည်သေးပုံမရ၊
ပြိုင်ပွဲမှာ သူနိုင်တာ သေချာဖို့အတွက်
လူတစ်ဖက်သားအပေါ် အဲ့လောက်တောင်
အကြင်နာတရား ကင်းမဲ့စရာလိုလို့လား။

ထူးထူး ထိန်းမရ တော့ သော မျက်ရည်တွေ
ပါးပြင်ပေါ်တွင် စွတ်စိုနေပြီ ဖြစ်သည်။

"ထူး သူ့ပုံတွေကို ဖျက်ပေးပါ့မယ်..."

ထူး ထိုသို့ပြောချိန် အာဏာက ထူးအား
တစ်ခါထဲဖျက်ရန် စောင့်ကြည့်နေပုံပင်။
ဖုန်းလေးကို ထုတ်ရင်း page မှာတင်ထားတဲ့
မော်၏ ပုံနှစ်ပုံအား ပြန်ရှာပြီး ဖျက်နေစဉ်၊
သူ ဒီတိုင်း ရပ်ကြည့်နေရင်းမှ၊
ဖျက်ပြီးသွားချိန်တွင် ...

"မင်း သူနဲ့ အပြင်မှာလဲ
အဆက်အဆံမလုပ်ပါနဲ့.."

အာဏာ၏ စကားကြောင့်ထူး အာဏာ့အား
နားမလည်သလို ကြည့်ကာ...

"ဘာလို့လဲ...?၊ သူနဲ့ အဆက်အဆံ
လုပ်နေတာတော့ မဟုတ်ပေမယ့်၊
တွေ့ရင်တော့ နှုတ်မဆက်ပဲ နေလို့မှမရတာ၊
သူ့အမှားတွေကို ထူးကို တောင်းပန်ပြီးသွားပြီ....၊
ပြိုင်ပွဲကိစ္စကိုလဲ သူ့ခေါင်းထဲမှာ မရှိတော့ဘူး၊
အာဏာကသာ...."

ဒဏ္ရာWhere stories live. Discover now