"ထူး..."
"ဟုတ်..."
သူပြောလာမယ့်စကားကို စောင့်နေရင်း.. ၊
သူ့ကို ငုံ့ကြည့်လိုက်မိတော့ မြင်နေရသော
မျက်နှာ တစ်ခြမ်းလေးပင်လျှင် ထူး အတွက်
ပြည့်စုံလွန်းနေသလို..။"ကို့ကို စိတ်မနာဘူးလား..?."
သူ မျက်လုံးတွေ မှိတ်ထားရက်နှင့် ပြောလိုက်သော စကား... ၊ စိတ်မနာတဲ့အပြင် တစ်ရက်မှကို
မေ့လို့မရတာ..
သို့သော် နှုတ်မှ ထွက်လာတာကတော့....."ထူး အားလုံးကို မေ့လိုက်ပါပြီ..."
"မော့်ကိုရောလား...?."
ဘယ်လိုမေးခွန်းကြီးလဲ...၊
ထူးထူး ဘာမှ ပြန်မပြောခင်မှာပင်..."ထူး ဒွိဟဖြစ်နေတဲ့ အဖြေကို သိသွားပြီပေါ့....?"
ထူးထူး ဘာဖြေရမှန်းမသိ.. ၊
သူ ထိုကိစ္စကို ခုချိန်ထိ စိတ်ထဲမှာ ထားထားတာလား..၊ ထူးထူးက မော့်နဲ့ အာဏာကို ဒွိဟဖြစ်နေတယ်လို့
ပြောခဲ့တာကို တကယ် ထင်သွားတာလား...?။"ခုချိန်မှာ ဘာလို့ ဒါတွေ လာမေးနေတာလဲ
အာဏာ.. ?"အာဏာမျက်လုံးတွေ ပွင့်လာပြီး...
"ကို နိုင်သွားပြီလို့ မော့်ကို ပြောခဲ့တယ်...၊
ဒါပေမယ့် ကို နိုင် တယ်ဆိုတာသေမှ
မသေချာသေးတာ...ထူးက ကို့ကို ချစ်တာလား
မော့်ကို ချစ်တာလား သေချာမသိဘူးလေ..."ထူးထူး ရင်ထဲနာကျင်သွားရသည်။
"အာဏာ အဲ့အဖြေကို သိချင်နေတာလား..?."
"အင်း.. ကို နိုင်တယ်ဆိုတာကို သေချာချင်တယ်..."
ထူးထူး အံကို ကြိတ်လိုက်မိသည်။ သူ့အတွက်
အနိုင်အရှုံးကလွဲရင် ဘာမှ အရေးမကြီးတော့ဘူးလား ....မော်တောင် လက်လျှော့လိုက်ပြီ ဖြစ်တဲ့
ကိစ္စတစ်ခုကို သူ ဘာလို့ ဆက်ချင်နေသေးရတာလဲ...?"အာဏာ နိုင်ပါတယ် အာဏာ..."
ထိုစကားကြောင့် အာဏာလှဲနေရာမှ
ချက်ချင်းထလာကာ ထူးထူးကို စိုက်ကြည့်ပြီး
ထူးထူးပြောလာမယ့် စကားကို စောင့်နေလေသည်။
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်
Part-32 ( Unicode)
Start from the beginning