ချင်းကွမ်းချန်က သူ့ညီမလေးကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။ "ကိုကို့အတွက် အိမ်ထောင်ဖက်တွေ့ခို်င်းဖို့ မားမားကို ညီမလေး အကြံပေးလို့ကတော့ ကိုကို ထွက်သွားတော့မှာနော်"
"ဟေး! ညီမလေးက မာမားကို ဘယ်လိုလုပ် စည်းရုံးပေးနိုင်မှာလဲလို့?!"
ချင်းကွမ်းချန်က 'ရေပါလာတာကိုပဲ လိုချင်တယ် ရေဘူးပေါက်တာ ရေမရှိတာကို ဂရုမစိုက်' ဟူသည့် လူစားမျိုးပင်။ "ဧည့်သည်ခန်းက ဘယ်မှာလဲ?"
ချင်းစုယွဲ့က ဧည့်သည်ခန်းအား ညွှန်ပြပေးလိုက်တော့ ချင်းကွမ်းချန်က စကားတစ်ခွန်းမှ ထပ်မပြောနေတော့ပဲ သူနေမည့် ထိုအခန်းသို့သာ ထွက်သွားတော့၏။
ဧည့်ခန်းထဲမှာပဲ ရှိနေသေးသည့် ချင်းစုယွဲ့ကတော့ တုန်လှုပ်အံ့ဩမိသွားသည်။ သူက ဒီမှာနေတော့မှာလားဟင်?
ချင်းစုယွဲ့မှာ ချင်းကွမ်းချန်ကို မောင်းထုတ်ချင်ပေမယ့် သူနှင့် ရန်ဖြစ်ငြင်းခုံလည်း သူမ နိုင်နိုင်ချေ မရှိသည်အား ခန့်မှန်းတွေးဆပြီးသည့်နောက် ထိုအတွေးအား စွန့်လွှတ်လိုက်ရသည်။
နောက်တစ်နေ့မနက်၌ ချင်းစုယွဲ့မှာ  မနက်စာ ပြင်ဆင်လို၍ စောစောထလိုက်သည်။ အမှန်တော့ ချင်းကွမ်းချန်က ဒီနေရာမှာ နေတာဖြစ်၍ သူမအစ်ကိုအား စားမရာမရှိပဲ အငတ်ထားတာက မကောင်းလှချေ။ နောက်ဆုံး သူမ အိပ်ရာထဲကထွက်ပြီး အိပ်ခန်းထဲမှ ထွက်လာသည့်အခါမှာတော့ အဝင်ပေါက်ရှိ လှုပ်ရှားသံတွေအား ကြားလိုက်ရသည်။
ချင်းစုယွဲ့မှာ အိပ်ချင်မူးတူးနှင့် ချင်းကွမ်းချန်ဟု ထင်လိုက်ကာ သမ်းလိုက်ရင်းမှ သူမရဲ့ မျက်လုံးတွေကို ပွတ်လျက် ပလုံးပထွေး ပြောလိုက်သည်။ "ဘာလို့ အစောကြီး ထရတာတုန်း? ဘာမှတောင် မချက်ရသေးဘူး"
ချင်းစုယွဲ့မှာ အတော်ကြာသည်အထိ တုံ့ပြန်မှု မရခဲ့သဖြင့် စိတ်ရှုပ်ထွေးသွားကာ အရှေ့သို့ ကမန်းကတန်း ပြူးပြဲကြည့်လိုက်ရသည်။ အရပ်ရှည်ရှည်နှင့် မီးခိုးရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်မှာ လုံးဝကို ချင်းကွမ်းချန် ဟုတ်မနေချေ!