Episode / 1

62.1K 3.2K 408
                                    

" ဟန်ဆောင်း ဆေးရုံကြီး "

မြင့်မားသောအဆောက်အဦး၊ ထည်ဝါသော လူပုဂ္ဂိုလ်များ ၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်၊ ဆိုးလ်မြို့ရဲ့ အချက်အချာဖြစ်သော ဆေးရုံတစ်ခုဟုဆိုရမည်။ ဟန်ဆောင်းအထွေ​ထွေ ရောဂါကု ဆေးရုံကြီး တစ်နည်းအားဖြင့် မြို့နေလူထု အပေါင်းကတော့
ပင်မဆေးရုံကြီးဟု အလွယ်ခေါ်လေ့ရှိသည်။

ဒယ်ဂူက အဘွားက မတွေ့ရတာကြာလို့ ခဏဖြစ်ဖြစ် အလည်ပြန်လာပါဦးဟု ဆိုသောကြောင့်
မနေ့က ခွင့်တစ်ရက်ယူပြီး ပြန်သွားခဲ့တာ။
ညတောင် မအိပ်ရသေး ဒီနေ့မနက် VIP လူနာ
Case ကြောင့် ခွဲစိတ်ဆရာဝန်တွေ(Surgeons )အကုန် အစည်းအဝေးရှိသည်ဟု ဆေးရုံရဲ့ အထွေထွေ မန်နေဂျာ ဂျန် ဖုန်းဆက်သဖြင့် မနက်အစောကြီး ဆိုးလ်ကို ပြန်လာခဲ့ရသည်။ မနေ့ကတစ်နေကုန်လည်း ကားမောင်း
ဒယ်ဂူရောက်တော့လည်း တစ်ညတလေတောင် မအိပ်ရသေး ပဲ ပြန်လာရန် ဖုန်းဆက်သဖြင့် မနက်ဝေလီဝေလင်းထဲက အစည်းအဝေးချိန်မီရန်ပြန်လာခဲ့ရသဖြင့် လူက ခရီးပန်းပြီး နုံးနေသလို။

တိုက်ခန်းတောင်မပြန်နိုင်ဘဲ တစ်ခါတည်း ဆေးရုံ ကိုသာ လာခဲ့လိုက်ရသည်။ ဆရာဝန်များအတွက်သီးသန့်လုပ်ပေးထားသော ပါကင်တွင် ကားကို ရပ်ပြီး နောက်ခန်းထဲကအပိုဆောင်ထားသော ဂျူတီကုပ် ကို လှမ်းယူမလို့ အလုပ်....

" ငါတစ်ထည် အပိုဆောင်ထားတာ ဘယ်ရောက်သွားလဲ ''

ကိုယ့်ဘာကိုရေရွတ်နေရင်း လိုက်ရှာနေတုန်း
ဘေးနားက ဖုန်းလေးရဲ့ တုန်ခါမှု။
Caller ID မှာ
" စီနီယာ ဂျောင်း "

ဖုန်းကို ကောက်ကိုင်လိုက်ပြီး

" ဟယ်လို စီနီယာ ''

" အင်း လာပြီ ကားပါကင်မှာ
အခုတက်လာခဲ့မယ် "

ရှာလို့မတွေ့တဲ့ ဂျူတီကုပ် ကို ဆက်ရှာမနေတော့ဘဲ ဒီတိုင်းသာ ဆေးရုံထဲဝင်ခဲ့လိုက်သည်။

ဆေးရုံထဲဝင်ဝင်ချင်း အရင်ကနဲ့မတူပဲ ပိုမိုရှုပ်ယှက်ခက်နေသော လူနာများ၊ သာမန်ထက်ပိုမိုအလုပ်များနေကြသော ဆရာဝန်များနှင့် သူနာပြုများ၊ အထက်တန်းကျောင်းဝတ်စုံတစ်မျိုးဟုထင်ရလောက်သည့် ဝတ်စုံများနှင့် ကျောင်းသားအများစု၊ ထို့အပြင် ရဲများနှင့် ဆူညံကာ ပြသာနာ ရှာနေကြသော ကျောင်းသားမိဘများ။

" QUITE Doctor "Where stories live. Discover now