《Zawgyi》
အပိုင်း - ၁၁၃
[အဖြစ်မှန်ကို သေချာမတွေးကြည့်ပဲ တစ်ဖက်သတ် မုန်းတီးနေမိခြင်း - ၂]"ဘယ်သူတုန်းဟ?" ချင်းစုယွဲ့ဟာ ထိုအနားသို့ သွားရောက်ကြည့်ရှုလိုက်သည်။ ကားမောင်းသူ နေရာမှ မှန်ချပ်ဟာ အနည်းငယ် လျှောဆင်းလာကာ ထိုနေရာတွင် ထိုင်နေသည့် အဖြူရောင်ရှပ်ကို ဝတ်ဆင်ထားသော ချန်းစီနျန်အား တွေ့လိုက်ရသည်။ သူက ခေါင်းကို သူမဘက်သို့ လှည့်ကာ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်၏။ "အထဲဝင်လေ ... ကိုယ် အိမ်ကိုလိုက်ပို့ပေးမယ်"
"ရှင်က ဘာလို့ ... "
"မင်းရဲ့အလုပ်က အသိမိတ်ဆွေတွေကို မမြင်စေချင်ဘူးမလား? နောက်မှာ လုံခြုံရေးကင်မရာ ရှိတာမလို့ ကိုယ် ကားထဲက မထွက်လာတာ"
ချင်းစုယွဲ့ဟာ ချန်းစီနျန်ရဲ့ ရှင်းပြမှုကြောင့် အံ့အားသင့်သွားခဲ့သည်။ သူ့ရဲ့ ရိုးသားသည့် ပုံစံကို ကြည့်လျက် သူမလည်း သူပြောတဲ့အတိုင်း ဖြစ်မည်ဟု ထင်လေ၏။ ချင်းစုယွဲ့တစ်ယောက် သူ့ကားထဲသို့ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ရောက်ရှိသွားပြီးနောက်မှာမှ သူမရဲ့ စိတ်အတွင်းသို့ အတွေးတစ်ခုက ဝင်ရောက်လာ၏။
ချင်းစုယွဲ့ နင် ဒါကြီးကတော့ များသွားပြီနော်!ချန်းစီနျန်က သူမ သူ့ကားထဲသို့ ဝင်ရန် စည်းရုံးဖျောင်းဖျဖို့အတွက် ဒီထက်ပိုပြီး အားထုတ်ကြိုးပမ်းရမည်ဟု ထင်ခဲ့သည်။ ဒီလိုမျိုး အောင်မြင်သွားလိမ့်မည်ဟုတော့ ဘယ်သူက သိခဲ့ပါမည်လဲ?
ကားက ခပ်လှမ်းလှမ်းထိ ရောက်လာခဲ့သည်။ ချန်းစီနျန်ဟာ ချင်းစုယွဲ့တစ်ယောက် သူမရဲ့ Weibo နဲ့ WeChat ကို ကြည့်ရှုနေသည်အား ဖျတ်ခနဲ ကြည့်လျက် သူ့ဖုန်းကို သူမထံသို့ ပေးလိုက်သည်။
ချင်းစုယွဲ့ဟာ သူမရှေ့သို့ ရောက်လာသည့် အနက်ရောင် ပြောင်လဲ့နေသော ဖုန်းလေးအား နားမလည်နိုင်စွာ ကြည့်လိုက်၏။ "ရှင် ဘာလုပ်နေတာလဲ?"
"ကိုယ့်မှာ မင်းရဲ့ WeChat နဲ့ Weibo အကောင့် မရှိဘူးလေ"
"ကျွန်မက Weibo ကို နာမည်အရင်းနဲ့ပဲ သုံးတာ" ချင်းစုယွဲ့ စိတ်ထဲမှ တွေးလိုက်သည်။ : ရှင် ကျွန်မကို Weiboမှာ လိုက်ကြည့်နေဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် လည်း ရှင့်ဟာရှင် ကိုယ်တိုင်ကျမလုပ်ပဲ ဘယ်လိုဖြစ်ပြီး ကျွန်မကို ရှင့်ဖုန်းကြီး လာပေးရတာလဲ?!
YOU ARE READING
RomanceI DO NOT OWN THE STORY. FULL CREDIT TO THE ORIGINAL AUTHOR. 《Zawgyi》ချင်းစုယွဲ့ဟာ အရံဗီလိန်ဇာတ်ကောင်အဖြစ် ဝတ္ထုထဲသို့ ကူးပြောင်းရောက်ရှိလာတာကို သိသိချင်းမှာပဲ သူမရဲ့ သေဆုံးရမယ့် ကံကြမ္မာဆိုးနှင့် မကြုံတွေ့စေဖို့အတွက် ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကို ဂ...