သို့သော်လည်း သူမ ထိုသို့ လုပ်လိုက်တဲ့အခါမှာ အနှောင့်အယှက် ဖြစ်လာသည်။ နာရီဝက်လောက် ကြာပြီးတော့ သူမရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်က ရောက်လာပြီး ပြော၏။ "ချင်းမိန်းကလေး ... နင့်ကို ဒါရိုက်တာက သူ့ရုံးခန်းကို လာတွေ့ခိုင်းနေတယ်"
"အမ်?" ချင်းစုယွဲ့က အံ့ဩမှင်သက်မိ၏။ ဒါရိုက်တာက ဘာအတွက်နဲ့ ငါ့ကို လာတွေ့ခိုင်းတာလဲ? ငါ ဒီနှစ်ရက်အတွင်းမှာကိုပဲ ဒါရိုက်တာနဲ့ တော်တော်လေး တွေ့ခဲ့ရပြီးပြီလေ
ချင်းစုယွဲ့ ရုံးခန်းထဲ ရောက်ရှိသွားချိန်တွင် ဒါရိုက်တာကြီးက မေးလေ၏။ "စောနက ဘယ်လိုဖြစ်ပြီး မင်းကို ငါ ဖုန်းခေါ်လို့ မရရတာလဲ?"
ချင်းစုယွဲ့က ရုံးခန်းအတွင်းသို့ လျှောက်သွားလိုက်ရင်း ဥာဏ်ကောင်းစွာနှင့် သူမရဲ့ ဖုန်းကို ကျောနောက်မှာ ဖွက်ထားလိုက်ပြီးတော့ ခြောက်ကပ်ကပ် ပြုံးပြလိုက်ကာ လိမ်ညာလိုက်၏။ "တောင်းပန်ပါတယ် ဒါရိုက်တာ .. ကျွန်မ စောနက ဖုန်းအားသွင်းထားလို့ပါ"
"အိုခေ" ဒါရိုက်တာက ထို ဖုန်းခေါ်မရသည့် အကြောင်းကို ဆက်မပြောတာကိုပဲ ကျေးဇူးတင်ရမည်။ သူက ဖိတ်ကြားလွှာတစ်ခုအား ကမ်းပေးလိုက်ရင်း ... "ဒီဇိုင်နာရှန်က ဒီဖိတ်ကြားလွှာကို ကိုယ်တိုင်ကိုယ်ကျ လာဖိတ်သွားတာ ... သူက အခုထိ ဆွေးနွေးခန်းမထဲမှာ ရှိသေးတယ် .. မင်းကို နောက်တစ်ပတ် သူ့ကုမ္ပဏီရဲ့ လက်ဝတ်ရတနာ ပြပွဲမှာ စီစဉ်တင်ဆက်ပေးသူ အဖြစ် သူက ဖိတ်ကြားချင်နေတာ ... မင်း ဘယ်လို စိတ်ကူးထားလဲ?"
ချင်းစုယွဲ့ဟာ အလွယ်တကူပင် တွေးတောင် တွေးကြည့်မနေပဲ ထိုကမ်းလှမ်းချက်အား ငြင်းလိုက်သည်။
ရှန်ဝမ်းယန့်ဟာ ခိုင်မာမြဲမြံသည့် စိတ်သဘောထား ရှိသူဖြစ်၏။ သူက ငါနဲ့ ကမောက်ကမ အခြေအနေ ရှိနေတာတောင်မှ သူ့ပြပွဲရဲ့ တင်ဆက်သူအဖြစ် ငါ့ကို ဖိတ်ကြားနိုင်သေးတာလား? ငါတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် မနှစ်သက်ကြတာကို လိုချင်တာ မဟုတ်ဘူးလား? ဒါမှမဟုတ် သူက ကောလာဟလတွေ များပြားလာဖို့ ကြံစည်နေတာလား?
ရှန်ဝမ်းယန့် ဘာကိုပဲ စီစဉ်နေပါစေ ချင်းစုယွဲ့ကတော့ သူမရဲ့ ရှောင်တိမ်းရမည် ဟူသည့် လမ်းစဉ်ကနေ သွေဖယ်ခွင့် မပြုနိုင်ပေ။ ချင်းစုယွဲ့က ခပ်ယဲ့ယဲ့ပြုံးကာ ... "ဒါရိုက်တာကြီး ကျွန်မ အချိန်ရမယ်လို့တော့ မထင်ဘူး ... ရုပ်သံလွှင့်ဌာနက အချိန်ရတဲ့ တစ်ခြား လုပ်ဖော်ကိုင်ဖက်တွေကို မေးကြည့်ပြီးတော့ လွှတ်ရင်ကော ဘယ်လိုလဲဟင်?"