Part-12 (Unicode)

Start from the beginning
                                    

"သားဘာမှ ဆက်မပြောပါနဲ့...၊
မေမေ ခွင့်မပြုတာကို သား ဆက်လုပ်ခွင့်မရှိဘူး...၊
မေမေ ဒါပဲ ပြောမယ်...."

မေမေက နေရာမှ ထထွက်သွားသည်။
မေမေ ပြောင်းလဲ သွားပြီ....၊
ထူးထူးကြောင့် ဒီလို ပြောင်းလဲ သွားရတာလား...။
ထူးထူးလိုချင်ခဲ့တာ ဒီလိုအရာတွေမှ မဟုတ်တာ။

ဝဲတက်လာသော မျက်ရည်များကို
မကျမိအောင် မနည်း ထိန်းထားရင်း.....။

.............

ထူးထူး အလုပ်ကို မလာဖြစ်တော့ကြောင်း
ဖုန်းဆက်ပြီး တစ်မနက်လုံး အခန်းထဲတွင်
ပုံဆွဲနေမိသည်။ စိတ်တွေ အရမ်း
မွန်းကျပ်လွန်းလှသည်။

နေ့လည်လောက်ကျတော့ အသူရာ့ ဆီမှ
ဖုန်းဝင်လာလေသည်။
သေချာပေါက် သူပြောလိုက်တာပဲနေမှာ....

"ဟယ်လို...."

"ထူး....  ညနေ ငါးနာရီနော်... မေ့နေမှာ စိုးလို့...."

"ငါ အလုပ်မသွားဖြစ်ဘူး အသူရာ......"

"ဟင်... ဘယ်လိုဖြစ်လို့လဲ.?.."

"ဘာဖြစ်လို့လဲ နင်သိမှာပါ.... ၊
ထာားပါတော့....၊
မေမေက ငါ့ကို မလုပ်ခိုင်းတော့ဘူး.၊"

အသူရာ ပြောလိုက်တာမှန်းသိသော်လညး်
စကားမများချင်တာကြောင့်
ဘာမှ ရှည်ရှည်ဝေးဝေး မပြောချင်တော့...
သူလည်း စေတနာနဲ့ ပြောတာနေမှာပါ..။

" အေးပါ... ၊ ငါတောင်းပန်ပါတယ်၊
ငါက နင့်ကို မပင်ပန်းစေချင်လို့ပါ....၊
နင် အဆင်ပြေရဲ့လား...?."

"ပြေပါတယ်...
ငါ နင့်ဆီ ၃နာရီလောက်လာခဲ့မယ်လေ...
ခဏနေ ရေချိုးပြီး ထွက်ခဲ့မယ်
နင် စောင့်နေနော်...."

"အေး... နင် မလာနဲ့ နင့်ကို
ငါနဲ့ အာဏာ လာခေါ်မယ်... "

"အန် ....?"

"ငါ အာဏာ့ကိုပါ ခေါ်ထားတယ်... ၊
အစကတော့ ငါးနာရီဆိုတော့ ၊
ငါးနာရီ နင့်အလုပ်ကို လာခိုင်းထားတာ.. ၊
ခုတော့  နင့်အိမ်ကိုပဲ တူတူ ထွက်လာခဲ့တော့မယ်...."

"အာ... နင်ကလဲ.. ဘာလို့ ခေါ်လိုက်တာလဲ.?..."

"လျှာမရှည်နဲ့ လုပ်.. ရေချိုးတော့ ဒါပဲ...."

ဒဏ္ရာWhere stories live. Discover now