ထူးထူး မေမေရှိရာ ပြတင်းပေါက်နားကို
အပြေးသွားလိုက်ပြီး အပြင်ကို လှမ်းကြည့်တော့
တွေ့ရတဲ့ ကားက အာဏာမင်းဆက်ရဲ့
ကားနှစ်စီးလုံး မဟုတ်..။ငါ အတွေးလွန်နေတာ ဖြစ်မှာပါလေ...၊
သူက လာရပ်နေစရာ အကြောင်းမှ မရှိတာ....။...................
ထူးထူး အိမ်ပြင်ထွက်လာတော့ ကားက
တကယ်ကို ခြံဝတည့်တည့် ပိတ်ရပ်ထားသဖြင့်
လူတောင် မနည်း ထွက်ယူရသည်။
ဘယ်လိုကားပါလိမ့်...
သူများအိမ်ရှေ့လာပြီး... ပိုင်စိုးပိုင်နင်း....၊အထဲကို ပြူးပြဲ ကြည့်သော်လည်း
မှန်က မဲနက်နေတာကြောင့် ဘာဆို ဘာမှ မမြင်ရ။ခေါ်ထားတဲ့ တက်စီကို ရပ်စောင့်နေတုန်း
ခုနကကားက မီးများလင်းလာကာ
စက်နှိုးသံကို ကြားလိုက်ရသည်။
ဪ ကားထဲမှာ လူရှိနေတာပဲ။
ထူးထူး အတွေးပင် မဆုံးလိုက်
ကားက ထူးထူး ရှေ့တွင် တည့်တည့်ကြီး
လာရပ်ပြီး မှန်တံခါး ဖွင့်လိုက်စဉ်.....အာဏာမင်းဆက်....!!
ထူးထူး ထင်ထားတာ မမှား.. ။
တကယ်ပဲ သူဖြစ်နေပါလား။"ဘယ်သွားမလို့လဲ ထူးထူး...?."
မတွေ့တာကြာပြီ ဖြစ်တဲ့ သူ့ဆီက
အရင်အပြုံးတွေကို ပြန်မြင်ရတော့
ရင်ထဲတွင် စိတ်အေးသွားသလို...."ဟို... -----bar သွားမလို့ အာဏာ.. ၊
ဒါနဲ့ ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ..?...""ထူးထူးက အနားကို လာရင် မကြိုက်မှာ စိုးလို့
အဝေးကနေ ကြည့်နေတာ...."အာဏာ ပြောလိုက်သော စကားက
တကယ်ကို အနှောင့် အသွားမလွတ်၊"တက်လေ ထူး.... ကို လိုက်ပို့ပေးမယ်..."
"ရတယ် အာဏာ... ထူး ကားခေါ်ထားတယ်... ၊
ဟိုမှာ လာနေပြီ..."ထူး တက်စီကားဆီ ပြေးသွားလိုက်တော့
အာဏာက ကားပေါ်မှ ပြေးဆင်းလာကာ
အိတ်ထဲမှ တစ်သောင်းတန် တစ်ရွက်ကို
ထုတ်လိုက်ပြီး ဒရိုင်ဘာအားလှမ်းပေးလိုက်သည်။"ကျွန်တော်တို့ မလိုက်ဖြစ်တော့လို့
ဆောရီးနော်..."ဟု တက်စီသမားကို ပြောကာ ထူထူးလက်ကို
အတင်းဆွဲခေါ်လေတော့သည်။
ထူးလည်း အာဏာ ဆွဲရာနောက် ပါသွားပြီး
ကားထဲ အတင်းထိုးထည့်ခံရလေသည်။
မသိရင် ပြန်ပေးဆွဲနေတာ ကျနေတာပဲ။
BẠN ĐANG ĐỌC
ဒဏ္ရာ
Lãng mạnဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်
Part-5 ( Unicode)
Bắt đầu từ đầu