တစ်ဖက်က မော့ပေကတော့ စိတ်လှုပ်ရှားသွားခြင်း မရှိပဲ ... "ငါ သူတို့ကို ရှောင်နိုင်ရင် ရှောင်မယ် ... ဟန်ဆောင်ဖို့လိုရင်လဲ ဟန်ဆောင်လိုက်မယ် ... အဲဒါက ငါ့အတွက် ပြဿနာကြီးတစ်ခုမှ မဟုတ်ပဲ"
မော့ပေက သူပြန်လာခဲ့ချိန်တုန်းက ထိုအကြောင်းကို အများကြီး တွေးမနေခဲ့ပေ။ သူ ရုတ်တရက် ပြန်လာခဲ့သည်က ရှန်ဝမ်းယန့် ရုတ်တရက် ပြန်လာခြင်းကြောင့်သာ ဖြစ်၏။ ရှန်ဝမ်းယန့်က ဒီနိုင်ငံကို ပြန်လာဖို့ သေချာသွားပြီဆိုတာ သူသိတော့သိပေမယ့် အရမ်း မြန်မြန်ကြီး ပြန်သွားလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ချေ။
ကျွမ်ကျူးက ပြုံးလိုက်ရင်းနှင့် ... "အိုး မင်း နိုင်ငံခြားကို သွားပြီးတော့ ရုပ်ရှင်လောကရဲ့ ဘုရင်တစ်ဆူ ဖြစ်လာမယ်လို့ ငါမသိမိခဲ့ဘူး ... အနာဂတ်မှာ မင်း အော်စကာဆုရဖို့ အခွင့်အရေး ရှိတယ်လို့များ ဆိုလိုချင်တာလားကွာ?"
မော့ပေက သူ့မျက်လုံးတွေကိုသာ အထက်သို့ ပင့်လှန်ပြလိုက်ပြီး မေးလိုက်၏။ "ချန်းစီနျန်က ဘယ်မှာလဲ?"
"သူ! ငါကြားတာတော့ သူက ဒီနိုင်ငံထဲက တစ်နေရာရာကို ရောက်နေတယ်"
"စီးပွားရေးကိစ္စ ခရီးပဲလား?"
"ဖြစ်လဲ ဖြစ်နိုင်တယ် ... ဖြစ်လဲ မဖြစ်နိုင်ဘူး" ကျွမ်ကျူးက ထိုသို့ ပြောလိုက်ရင်း ရယ်မောလိုက်ကာ ... "အဲ့ကောင်ကြီး သိပ်မကြာသေးခင်တုန်းက ကျောင်းကို အကြိမ်ပေါင်းများစွာ သွားနေတယ်လို့ ငါကြားတာပဲ ... အရင်တုန်းက သူ ကျောင်းသွားရတာကို အဲ့လောက်ကြီး သဘောကျတယ်လို့ ငါဖြင့် မကြားမိပါဘူး"
"အဲ့တော့?"
ကျွမ်ကျူးက မော့ပေအနားသို့ ပိုကပ်သွားပြီး မျက်လုံးတစ်ဖက် မှိတ်ပြကာ ... "ငါ ဟိုဟိုသည်သည် စုံစမ်းကြည့်လိုက်တော့ ရှန်ကျင်းကောလိပ်ရဲ့ နှစ်ပတ်လည် အခမ်းအနား မတိုင်မှီ ရှေ့ရက်တုန်းက သူနဲ့ မိန်းကလေး အစီအစဉ်တင်ဆက်သူတစ်ယောက်နဲ့ အတော်လေး ရင်းနှီးနီးစပ်နေတယ်ဆိုတာ ငါရှာဖွေသိရှိသွားတယ်ကွာ ... အဲ့ကောင်မလေးက ချင်းမိသားစုကတဲ့ ... မင်း သူ့အကြောင်း ကြားဖူးလား?"