"ရူးလိုက်တဲ့ကလေး! အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့ကွယ်!"
ချင်းစုယွဲ့ဟာ သူမရဲ့မာမား၏ ပြုံးကြည်နေသော မျက်နှာအား ငေးကြည့်နေရင်း အိမ်ကို မကြာခဏ ပြန်လာဖို့လိုသည်ဟု အသေအချာကို ယုံကြည်သွားလေသည်။
ညမှာတော့ တစ်မိသားစုလုံးက ပျော်ပျော်ရွှင်ရွှင်နှင့် ထမင်းစားနေကြချိန်တွင် ချင်းစုယွဲ့၏ဖုန်းက မြည်လို့လာသည်။ ချင်းစုယွဲ့ဟာ သူမဖုန်းကို ချထားမိခဲ့သည့် ဆိုဖာသို့ ကမန်းကတန်း ပြေးသွားကာ အကြိမ်အနည်းငယ်လောက် မြည်နေသည့်ဖုန်းအား ဖြေကြားလိုက်၏။ "ဟယ်လို"
"မင်း ဘယ်မှာလဲ?"
"အိမ်မှာ" ချင်းစုယွဲ့ဟာ မသိလိုက်ဖာသာ ဝေဝေဝါးဝါးဖြင့် ဖြေလိုက်မိသည်။ ထို့နောက်မှာတော့ ဒီလို နက်ရှိုင်းဩရှသည့် အသံအား ပိုင်ဆိုင်သူမှာ ချန်းစီနျန်မှလွဲ အခြား မည်သူများ ရှိနိုင်ပါဦးမည်လဲဟူ၍ သဘောပေါက် နားလည်သွားတော့သည်။ ချင်းစုယွဲ့က ချက်ချင်းပဲ ဖုန်းအား သူမရဲ့နားတွေထံမှ ခွာကာ စခရင်အား ကြည့်လိုက်သည်။ ဖုန်းနံပါတ်များမှာ သိပ်မရင်းနှီးသည့် ကိန်းဂဏန်းများ ဖြစ်နေသည်။
ချင်းစုယွဲ့မှာ ချန်းစီနျန်တစ်ယောက် သူမဖုန်းကိုယူကာ သူ့ဖုန်းအား ခေါ်ခဲ့သည်ကို သတိပြန်ရသွားသည်။ သူမက လေးလေးနက်နက်ဖြင့် ... "ကိစ္စ တစ်ခုခုများ ရှိလို့လား?"
"မင်း အိမ်ကို ချောချောမွေ့မွေ့ ပြန်ရောက်တာ ကောင်းတယ်"
"ရှင်..." ချင်းစုယွဲ့မှာ ချန်းစီနျန် ဆက်ပြောသည့် စကားတွေအား ကြားလိုက်ရချိန်မှာတော့ ဘာပြောလိုက်ရမည်မှန်းပင် မသိရှာတော့ပေ။ "ကောင်းကောင်းအနားယူ" သူက ထိုသို့ ပြောပီးသည့်နောက်မှာ ဖုန်းချသွား၏။
ချင်းစုယွဲ့ကတော့ ဖုန်းခေါ်ဆိုမှု ပြီးဆုံးသည်ဟူသည်အား ထင်ဟပ်ဖော်ပြနေသည့် သူမရဲ့ဖုန်းကိုသာ စိုက်ကြည့်နေမိသည်။ ဘာတွေဖြစ်ပျက်နေသည်ကို သူမ သဘောပေါက် နားမလည်နိုင်ချေ။ သူ ဘာတွေ လုပ်နေတာလဲ? သူက ငါ အိမ်ကို လုံလုံခြုံခြုံ ပြန်ရောက်ရဲ့လားဆိုတာ သေချာသိရဖို့အတွက်လေးနဲ့ ဖုန်းခေါ်ခဲ့တာလား?