ချင်းစုယွဲ့ခမျာ ဆွံ့အသွားရသည်။ "စီအီးအိုချန်းရေ ရှင်တောင်းဆိုတာကြီးက အရမ်းကို လွန်လွန်းတယ်လို့ ကျွန်မတော့ ထင်ပါတယ်နော် ... ပထမဆုံး ပြောရမယ်ဆိုရင် ရှချောင်းက ကျွန်မရဲ့ သူငယ်ချင်း ကျောင်းသားဟောင်း ... ဒုတိယအချက်နေနဲ့ သူက ကျွန်မနဲ့ အလုပ်အတူ တွဲလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်လဲ ဖြစ်သေးတာကို ကျွန်မက ဘာလို့ သူနဲ့ စကားနည်းနည်းလေးတောင် မပြောပဲ နေရမှာလဲ?"
ဒါကို ကြားလိုက်ရတဲ့အခါ ချန်းစီနျန်က ယဲ့ယဲ့မျှ ပြုံးလိုက်သည်။ သူက ချင်းစုယွဲ့ဘက်သို့ လှည့်လိုက်ပြီး သူတို့ အရမ်းနီးကပ်နေသည်ကို အခွင့်ကောင်းယူကာ သူ့လက်ကို ဆန့်လျက် သူမရဲ့ မေးစေ့ကို ကိုင်ကာ ပင့်မော့စေလိုက်သည်။
ချင်းစုယွဲ့မှာ ရုတ်တရက် ချန်းစီနျန်၏ ချောမောခန့်ညားလှသော မျက်နှာနှင့် မှောင်လဲ့ နက်ရှိုင်းနေသော သူ၏မျက်ဝန်းတို့ဖြင့် မျက်နှာချင်းဆိုင် ဆုံတွေ့ခိုင်းခံလိုက်ရသည်။ ချင်းစုယွဲ့မှာ ယခင်တုန်းထဲက ဆန့်ကျင့်ဘက် ယောက်ျားလေးများနှင့် တစ်ခါမျှ ဒီလောက်ကြီး အရမ်း ရင်းရင်းနှီးနှီး မရှိနေဖူးခဲ့သဖြင့် သူမ၏ ပါးမို့မို့တို့မှာ လောင်မြိုက်မတတ် နီမြန်းလာတော့၏။
ချင်းစုယွဲ့မှာ သူမကိုယ်သူမ စိတ်မလှုပ်ရှားမိပဲ တည်ငြိမ်အောင် ထိန်းချုပ်လိုသဖြင့် သူ့လက်ကို ဖယ်ရှားလိုက်ရန်အတွက် သူမရဲ့လက်မောင်းတစ်ဖက်အား မြှောက်လိုက်သည်။ သို့သော်လည်း ချန်းစီနျန်ဟာ သူမရဲ့လက်မောင်းလေးကိုပါ လျှင်မြန်ဖြတ်လတ်စွာ ဖမ်းဆုပ်ကိုင်လိုက်လျက် ကားထိုင်ခုံ၏ ကျောမှီနှင့် ဖိကပ်ကာ ချုပ်ထားလိုက်တော့၏။
'ဒီ အနေအထားကြီးက!'
ချင်းစုယွဲ့မှာ အံကိုတင်းတင်းကြိတ်လျက် သူမရဲ့ ကျန်ရှိနေသေးသော လက်တစ်ဖက်ဖြင့် ချန်းစီနျန်ကို ကုတ်ခြစ်လိုက်ဖို့ ကြိုးစားလိုက်ပေမယ့် မျှော်လင့်ထားကြသည့်အတိုင်းပါပဲ သူမရဲ့လက်ကောက်ဝတ်လေးကိုပါ သူက ဖမ်းကိုင်လိုက်တော့သည်။
သူမရဲ့ လက်တွေဟာ ထိန်းချုပ်ကန့်သတ်ခံနေရပေမယ့် သူ့အား သူမရဲ့မေးစေ့ကို လွှတ်ပေးဖို့အတွက်တော့ ကြိုးပမ်းနိုင်ပါသေး၏။ သို့သော်လည်း ချန်းစီနျန် သူမအား ထိတွေ့နေသည့် နေရာမှာ လောင်မြိုက်မတတ် အတွေ့အထိတစ်ခုက ရှိနေပြီး သူမမှာ အလွန်အမင်း သက်တောင့်သက်သာ မရှိခြင်းအား ခံစားနေရသည်။