လေးငယ်(47)(Z+U)

Start from the beginning
                                    

''Aigoo.....! ငါ့သားလေး ပင်ပန်းနေပြီ... အိပ်ကြစို့... Ommaဖက်အိပ်ပေးမယ်...''

''ကျေးဇူးတင်ပါတယ် Omma...''

မိဘရင်ခွင်သည် လုံခြုံနွေးထွေး အေးမြလှပါသည်။ ပင်ပန်းနေသမျှ မိဘရင်ခွင်၌ အနားယူရင်း ခဏတဖြုတ် လွတ်ချထားနိုင်သည်။

ဖြစ်လာမဲ့ အကြောင်းအရာတွေကို ဘာမှတွေးမတော့ပဲ စိတ်လွတ်ကိုယ်လွတ် အိပ်စက်အနားယူလိုက်ပါသည်။

°~°~°~°~°~°~°~°~°~°~°~°~°~°~°

လက်ထဲက အညိုရောင်စာအိတ်လေးကိုကြည့်ပြီး မူးမိုက်သလိုဖြစ်သွားကာ Sehun တုန်လှုပ်ချောက်ခြားသွားခဲ့ပါသည်။

ကွာရှင်းပြတ်စဲခြင်းဆိုသည့် စာချုပ်တွင် လိုအပ်သည်များ ဖြည့်စွတ်ပြီး Kim Jonginဘက်က တံဆိပ်တုံးထုထားသည်။

တုန်ရီနေတဲ့လက်တို့နဲ့ Kim Jonginရဲ့ဖုန်းကို ခေါ်လိုက်ပါသည်။

Ommaတို့ဆီမှာ ညအိပ်မယ်ဆိုတဲ့ messageလေးပို့ပြီး မနက်ကျတော့ ကွာရှင်းစာချုပ်ရောက်လာသည်။ ဘာလဲ...? ဘာတွေဖြစ်ကုန်တာလဲ...

**စိတ်မကောင်းပါဘူး... လူကြီးမင်းခေါ်ဆိုတဲ့ဖုန်းမှာ စက်ပိတ်ထားပါတယ်...**

''အာ_____ငါရူးတော့မယ် Kim Jongin....''

Junmyeomဆီ ဖုန်းဆက်မလိုလုပ်ပြီးမှ ကိုယ်တိုင်သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါသည်။

°~°~°~°~°~°~°~°~°~°~°~°~°~°~°~

''ငါ...ငါတောင်းပန်ပါတယ် Hunnie...! Minseokတို့ကိုလည်း ဘယ်လိုမျက်နှာပြရမှန်းမသိတော့ပါဘူး...''

Junmyeonက မျက်နှာမကောင်း...! စိတ်မကောင်းဖြစ်နေသည့်ပုံဖြင့် တောင်းပန်စကားဆိုပါသည်။

''မင်းတို့နှစ်ယောက် ဘယ်လိုအတွင်းမီးတွေလောင်နေလဲ ငါမသိဘူး Sehun! သူ့ကြောင့် မင်းပင်ပန်းနေပြီတဲ့ သူအရမ်းအားနာနေပြီမို့ လွတ်မြောက်ခွင့်ပေးလိုက်တော့မယ်တဲ့...! ငါ့သားရဲ့ဒဏ်ရာတွေကို ငါမြင်နေရတယ်Sehun... ဘယ်လိုနားချပေးရမလဲ''

Kim Jonginရဲ့မိသားစုက အတ္တကြီးလွန်းလှသည်။ သူတို့သားရဲ့နာကျင်မှုကို မြင်နေရသည်ဆိုတော့ သူ့ရဲ့ဒဏ်ရာတွေကိုကျ ဘယ်သူ့ကိုသွားပြရမလဲ... ဘယ်သူ့ကို နားလည်ခိုင်းရပါ့မည်လဲ...

လေးငယ်(လေးငယ်)(completed)Where stories live. Discover now