အပိုင်း ၃

Start from the beginning
                                    

"မင်း ဒီအတိုင်းစာကြည့်နေရင် မျက်စိပျက်လိမ့်မယ်.."

"ကျွန်တော့်ကိုပဲပြောမနေနဲ့.. အိမ်စာတွေ ပြီးပြီလား.."

"အိမ်စာ..ဟုတ်လား.. အိမ်စာပေးလိုက်လို့လား...."

လာနောက်နေသော ကိုစိုင်းကို ကျွန်တော် ဆောင့်တွန်းရုံမှလွဲ၍ ဖြေမနေတော့။ ကိုစိုင်းတစ်ယောက် ကျောင်းကို အပျော်လာတက်တာလား ထင်ရအောင် စာကိုလုံးလုံးအလေးမထား။ အတန်းထဲမှာတော့ ဆရာ၊ ဆရာမ အထင်ကြီးအောင် စာလိုက်လုပ်သည်။ အပြောအဆို ယဉ်ကျေးပြီး လူကြီးဆန်သော ကိုစိုင်းဆို ဆရာမများက အလိုလိုချစ်နေကြသည်။ တော်ရုံတန်ရုံ စာမရ၊ အိမ်စာမလုပ်တာလောက်ကို ဆူမနေတော့။

အတန်းထဲမှာ သင်္ချာအတော်ဆုံးဆိုသည့် ဘွဲ့ထူးဂုဏ်ထူးကိုတော့ ကိုစိုင်း ရထားသေးသည်။ သချင်္ာနှင့်ပတ်သက်လျှင် ကျွန်တော်တို့အတန်းထဲတွင် ကိုစိုင်းကို ယှဉ်နိုင်သူမရှိ။ သချင်္ာဆရာက ပြိုင်ပွဲလိုမျိုးလုပ်ကာ ပုစ္ဆာတွက်ခိုင်းလျှင် ကိုစိုင်းပင် ဆု အမြဲ ရတတ်သည်။

"တစ်ယောက်ထဲ စာလုပ်ရတာ ပျင်းလိုက်တာဗျာ.. ကိုစိုင်းကလည်း ဘာမှအဖော်မရဘူး.."

"စာလုပ်ဖို့တော့ အဖော်မညှိနဲ့ ညီရာ.. တခြား ဘာလုပ်လုပ် ရတယ်.."

"တကယ်လား.."

"အေး...."

ကျွန်တော် ဖျာပေါ်မှ ခုန်ထကာ စာအုပ်များကို ဝုန်းဒိုင်းပိတ်လိုက်သည်။ ထို့နောက် ဘုရားစင်အောက်မှ အမေ့ ကရမ်ဗူးကို ကျွန်တော် လှမ်းယူမှ ကိုစိုင်း မျက်လုံးပြူးသွားသည်။

"ဟာ..ဟေ့.. ခန့်ပိုင်.. မင်း ဘာလုပ်မလို့လဲ.."

"ဟဲ ဟဲ.."

ကျွန်တော် ရယ်ကာ ကရမ်ဗူးအဖုံးကိုလှည့်ဖွင့်သည်။ အရေးထဲမှ အဖုံးက တော်တော်နှင့်ဖွင့်မရ။

"ကျွန်တော် ကိုစိုင်းကို အလှပြင်ပေးချင်တာ ကြာပေါ့.."

"ဟာကွာ.. မင်း..."

ကိုစိုင်း ထပြေးဖို့ ပြင်ပေမယ့် ကျွန်တော်ကိုစိုင်းပုဆိုးစကို ဖမ်းဆွဲထားပြီးဖြစ်သည်။

မြို့ဟောင်းမြေမှ ချစ်သက်သေWhere stories live. Discover now