"သူတို့ကိုအရေးမစိုက်နဲ့ ငါတို့လုပ်ရမှာက bossပြောတာကို လိုက်နာဖို့ပဲ ..ပိုက်စံလည်းရပြီး အခန့်မသင့်ရင်...."

တစ်ခြားတစ်ယောက်ကဖြတ်ပြောလာသဖြင့် ထိုသူမှာ အသံနိမ့်ချလိုက်၏။

"ငါ ထာဝရအသက်ရှင်တာတွေဘာတွေကိုမယုံဘူး..ပိုက်စံပဲလိုတာ"

အပုတစ်ယောက်ခြေဟန်လက်ဟန်ဖြင့်လုပ်ပြနေသဖြင့် တစ်ခြားတစ်ယောက်ဘားမှ မပြောရသေးခင် ပါလာသောအမျိုးသမီးမှာ ထရယ်လေတော့သည်။

"ဒီမှာ ဘာသရဲမှမရှိပါဘူးရှင်..ဘာရှူးရှူးလုပ်နေတာလဲ..ဒါပေမယ့်ရှောင်းဂေါင်ပြောတာမှန်တယ်..ဘာထာဝရမှမရှိပေမယ့် ပိုက်စံကတော့ရှိနေမှာပဲ..လောင်ကျင်းကိုမှတ်မိလား..သူရှန်းရှီးကိုပြန်လာပြီး ဘယ်လိုသရဲမျိုးဖြစ်သွားရတာပါလိမ့်..သူ့ပုံစံကြီးနဲ့တော့ အသက်မရှင်ချင်ပါဘူး"

"ဘာလို့စကားများနေကြတာလဲ..ကားပေါ်အရင်တက်ကြ..ဖီးနစ်လုံးမယူတော့ပဲ ကျင်းကြီးဆီပဲအရင်သွားရတော့မှာ..bossဘာတွေကြံနေလဲမသိတော့ပါဘူးကွာ"

"လုချင်နေသေးရင် သွားလုပေါ့ရှင်"

အမျိုးသမီးမှာ ဟာသလုပ်ရင်း ရှောင်းဂေါင်၏ လက်မောင်းကိုသွားချိတ်လျက် ချစ်စဖွယ်အမူအရာဖြင့်ပြောလာလေသည်။

"မောင်လေး..ဒီကမမကို ဂူထဲဆင်းတဲ့အခါ ကာကွယ်ပေးပါဦးနော် ..ဟိုဒီကမမက ဂူထဲမဆင်းတာနှစ်တွေကြာပြီဆိုတော့ ကြောက်တက်နေပြီမို့ပါ"

ရှောင်းဂေါင်ဆိုသူမှာ အလွန်ပျော်းသွားမှန်းသိသွားစွာပြလျက် ခေါင်းကို ခပ်သွက်သွက်ညိတ်ပြလိုက်၏။

"ဘာတွေမြူနေတာလဲ..ချိုင်းဟောင်? ဂူထဲက ကျန်းရှီက မင်းကို မြူဆွယ်တက်သွားအောင်လုပ်လိုက်လို့လား? ဟားဟားဟားဟား"

Bossမှာ ဟာသပျက်လုံးတစ်ခုလို ဟက်ဟက်ပက်ပက်ရယ်နေသဖြင့် အမျိုးသမီး ဒေါသထွက်သွားရလေသည်။

"မုတ်ဆိတ်မွေးနဲ့ဝက်ကြီး..ရှင်ဒီမိန်းမကို ချိုင်းဟောင်လို့ထပ်ခေါ်ရဲခေါ်ကြည့်"

"ဟုတ်ပါပြီ အနီရောင်မမရယ်..မြန်မြန်သွားကြစို့"

လူလေးယောက်လုံး..တစ်ယောက်ပြီးတစ်ယောက်ကားပေါ်တက်ချိန်တွင် အပုတစ်ယောက်မှာ ကျန်းချိုးတို့ရှိရာသစ်ပင်ဖက် နောက်တစ်ကြိမ် မီးဖြင့်ထိုးကြည့်လာပြန်၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now