Extra Part II(ဝက်ဝံသုံးကောင်)(ဝက်ဝံသုံးကောင်)

Start from the beginning
                                    

"စာမလုပ်ချင်ဘူးလို့......။"

"နောက်ဆုံးတော့ ဒါပဲမလား။ ကလေးတွေဘာတွေက သက်သက်အကြောင်းပြတာ။
ကိုယ်လေ့လာထားပြီးသား။ တက္ကသိုလ် က စာသိပ်မလုပ်ရဘူးတဲ့။"

"ဟား....လိမ်စဉ်တွေ။"

အန်းလုက အမြန်ထလိုက်ပြီး အပြင်ဘက်သို့ထွက်သွားသည်။
မှန်တစ်ခုသာခြားသော နေရာ၌ အန်းလုကအပြင်ဘက်တွင် ရပ်ကာနေပြီး
ချီရှန်းက ကျန်နေခဲ့သောနေရာတွင် ထိုင်လျက်ပင် အန်းလုကိုပြုံးလျက်ကြည့်နေသည်။

တက္ကသိုလ် ဆက်တတ်စေကာ ဘွဲ့တစ်ခုတော့ရအောင်လုပ်ပေးနိုင်ရမည်။
အန်းလု၏ မိခင်ဖြစ်စေချင်ခဲ့သော ဆန္ဒမှန်သမျှ သူမရှိတော့သည့်တိုင် ချီရှန်းက
အတတ်နိုင်ဆုံးဖြည့်ဆည်းပေးရန် တွေးထားပြီးသားပင်။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ အန်းလုသည် ကျောင်းဆက်တတ်ကိုတတ်ရမည်။
အထက်တန်းအောင်မြင်ပြီးသည့်အတွက် ဘွဲ့ရဖို့ရန်သာ အချိန်လိုတော့သည်။
လွမ်သောက်တို့ ၊တုံ့ဖူ ၊ကျူးရှီတို့ ဘွဲ့ယူတုန်းက
အန်းလုလည်း အားကျနေခဲ့သည်မှာ သေချာသည်။ အမြဲတမ်းအဆင်ပြေသည်ဟုဆိုသော်လည်း
မျက်ဝန်းတို့ကဖုံးကွယ်၍မရနိုင်ချေ။

ငွေကြေးနှင့်ပတ်သတ်၍မည်သို့မျှပူစရာမလိုသည့်အတွက်
အ​ရေးကြီးသည်ကအန်းလုသာ။

အန်းလုက ကားလမ်းမဘက်တွင် ရပ်ကာနေသည်။
ချီရှန်းက အထဲမှနေ၍ သူ့အားဆက်ကြည့်နေမြဲ။ တခဏကြာတော့
အန်းလုက ချီရှန်းဘက်သို့လှည့်ကာလာသည်။
ချီရှန်းအား မျက်စိတစ်ဖက်မှိတ်ပြပြီး လျှာထုတ်ကာမျက်နှာပြောင်လိုက်သည်။
ချီရှန်း ကြည့်နေတုန်းမှာပင် အန်းလုက ကားလမ်းမပေါ်တွင်လာနေသော
တက္ကစီ တစ်စီးအားတားလိုက်ပြီး ပါသွားတော့သည်။

ချီရှန်းက ထိုအရာကိုမြင်တော့ အေးအေးလူလူပင်
သူ၏ ​ဘောင်းဘီအိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းအား ထုတ်လိုက်ပြီးနောက်
နံပါတ်တစ်ခုကိုနှိပ်လိုက်သည်။ contact nameသည်က ဖင်ပြောင်လေးအန်းလု။

"ဘယ်သွားမှာလဲ။"

တစ်ဖက်ရှိလူက ပြန်ဖြေသည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now