မြင်နိုင်မလား -51

1.9K 110 16
                                    

ရီပေါ်နဲ့ ရှောင်ကျန်းလမ်းခွဲပြီးကတည်းက....
ရီပေါ်လည်း တစ်ငိုငိုတစ်ရီရီနဲ့ ဘာမှလည်း သိပ်မစား၊
ဘယ်သူနဲ့မှလည်း အဆက်သွယ်မလုပ်ဘဲ အခန်းထဲမှာပဲ တစ်ချိန်လုံး ထိုင်မှိုင်‌နေသည်မှာ တစ်နှစ်ကျော်လောက်ရှိသွားပြီ ဖြစ်သည်။

တစ်နှစ်လုံးလုံး ဘယ်မှမသွား၊ ဘယ်သူနဲ့မှလည်း အဆက်သွယ်မလုပ်ဘဲ ရှောင်ကျန်းအား လွမ်းနေသော ရီပေါ်ကို ဝမ်ပါပါးမကြည့်ရက်တော့ပေ။

ထို့ကြောင့် ဝမ်လောင်ကိုယ်တိုင် ရှောင်ကျန်းကို ပြန်ခေါ်၍ ရီပေါ်နှင့်ပြန်ပေါင်း‌ပေးရန်
ဆန္ဒရှိလေသည် ။

.…......…..................................................

ရှောင်ကျန်းတစ်ယောက်လည်း တစ်နှစ်လောက်ကြာပြီးမှ ထူထူထောင်ထောင် ဖြစ်လာကာ ခြံထဲတွင် အပင်များစိုက်၍ ပန်းဆိုင်
လေးတစ်ဆိုင်ဖွင့်ထားလေသည်။
ထို့ကြောင့် ဆိုင်ဝန်ထမ်းမှာပင် ယီဘင်တစ်ယောက်သာ ရှိလေသည်။

"‌ဟေ့...ရှောင်ကျန်း......မင်းငါ့ကို ခိုင်းထားတာများနေပြီးနော်........ငါ့ကို အကြွေးပြန်ဆပ်ရမယ်မှတ်....."

"အေ့ပါဟာ.....မင်းစားချင်တာပြော
ငါလိုက်ဝယ် ကျွေးမယ်......"

"အေ့ပါဟာ........"

ရှောင်ကျန်းနဲ့ယီဘင်တို့ စကားပြောနေတုန်း
ဆိုင်ထဲသို့ ဝင်လာတဲ့ မိန်းကလေးတစ်ယောက်.....

ဆံပင်မှာ ကျောလည်လောက်ရှိပြီး......
ခန္ဓာကိုယ်နှင့် လိုက်ဖက်ပုံရတဲ့ ဂါဝန်ပန်းရောင်လေးကိုလည်း ဝတ်ဆင်ထားလေသည်။ပေါင်ရင်းလောက်သာ ရှည်သော သူမဂါဝန်အစလေးမှာလည်း သူမကိုကြည့်ကောင်းစေသည်။

"နေကောင်းလာ?.....မတွေ့တာကြာပြီး ကျန့်ကော........."

ထိုမိန်းကလေး၏ အပြောမှာ ရှောင်ကျန်းနှင့် ယီဘင်တို့ အံ့ဩမှုများစွာဖြစ်နေလေသည်။

"မင်း!....မင်း...လောလော့ မလား?....."

"အင်း......ညမနိုင်ငံခြားကနေ ပြန်လာတာလေ......အခုမှ ပြန်ရောက်တာ........
အကိုတို့ ဒီမှာ ဆိုင်ဖွင့်ထားတယ်ဆိုလို့ ဒီကိုလိုက်လာတာလေ........."

"အော်!.....အင်း....
အခုက ဆိုင်ပိတ်တော့မှာ အိမ်မှာ ထမင်းလိုက်စားလေ........အိမ်မှာ ကောရယ်၊ယီဘင်ရယ် နှစ်ယောက်ဘဲနေတာ......."

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now