မြင်နိုင်မလား -40

1.9K 86 29
                                    

ရီပေါ်တစ်ယောက် ညကအိမ်ပြန် နောက်ကျသောကြောင့်  မနက်10နာရီလောက်မှ အိပ်ယာနိုးလာ‌လေသည်။
ထို့နောက်  မနေ့ညက သောက်ထားသော အရှိန်ဖြင့်
ခေါင်းလည်းအတော်လေး ကိုက်နေလေသည်။
ထို့နောက် မျက်နှာသစ်ရန် အိပ်ယာမှ ထလိုက်သောအခါ ဘေးနားတွင် မိမိအား  မလှုပ်မယှက်ဘဲ ကြောင်ကြည့်နေသော ရှောင်ကျန်းအား ရီပေါ်လည်း ခဏတာ ပြန်၍ ကြည့်နေမိသည်။
ထို့နောက်.............

"ရှောင်ကျန်းကော.....ဘာလို့အခုချိန်ထိအိပ်နေရတာလဲ?......ကျွန်တော့်တွက် မနက်စာ ပြင်ပေးဖို့မေ့နေတာလား.....ကျွန်တော်အခု ခေါင်းတအား ကိုက်နေတယ် အဲ့တာ ခေါင်းကိုက်သက်သာအောင် တစ်ခုခု သွားလုပ်ပေးပါ......ပြီးတော့ ကျန့်ကောလည်း....ငပျင်းလို‌မွေ့ယာနဲ့ ကျောနဲ့ ကပ်ပြီး  အပျင်းလိမ်မနေနဲ့........နိုးရင်လည်း ထတော့ပေါ့......လူကိုတောင် ကြောင်ကြည့်နေသေးတယ်.......ထတော့ မြန်မြန်......"

"အင်းပါ......ဒါပေမဲ့ ကော့ကို တစ်ချက်ထူပေးပါဦး.....ကော ထဖို့အဆင်မပြေလို့ပါ.........."

"ကျန့်ကောက ထဖို့အဆင်မပြေရအောင် ဘာများဖြစ်နေလို့လဲ ?.......တကယ်ပဲ သက်သက်ကို အပျင်းကြီးတာပဲနော်........"

ရီပေါ်လည်းပြောပြောဆိုဆိုနဲ့ ရှောင်ကျန်းကို အနည်းငယ်ထူပေးလိုက်သောအခါ.............

"ဟမ်!!!.........သွေးတွေ ကျန့်ကော ကော့ရဲ့ ‌နောက်‌ကျော မှာ သွေးတွေ အများကြီးပဲ
ဘာဖြစ်တာလဲ?......"

ရီပေါ်၏ ပြာပြာသလဲနဲ့ ရှောင်ကျန်းအပေါ် စိုးရိမ်နေသောပုံစံကြောင့်.......
‌ရှောင်ကျန်းတစ်ယောက် တကယ်ပျော်ရွှင်မိပါသည်။အကယ်၍  ဒီလိုမျိုး ဒဏ်ရာတွေရမှသာ ရီပေါ်၏ စိုးရိမ်မှု ၊ဂရုစိုက်မှု
တွေရမယ်ဆိုရင် ရှောင်ကျန်းတစ်ယောက် ဒီထက်နာကျင်စေတဲ့ ဘယ်လိုဒဏ်ရာမျိုးမဆို လက်ခံဖို့ အသင့်ရှိနေပြီးဖြစ်လေသည်။

"ထ ကျန့်ကော....ဆေးခန်းသွားရအောင်......"

"နေပါဦး......ရီပေါ်ရယ် မျက်နှာလေး ပါလေးအရင်သစ်လိုက်ပါဦး......."

"ဟုတ်ပါပြီး .......အဲ့တာဆို ကျွန်တော့်ကို ခဏစောင့်
မြန်မြန်မျက်နှာ သစ်လိုက်မယ် ....."

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now