မြင်နိုင်မလား -31

1.1K 39 1
                                    

[Zawgyi]
ရှာင်ကျန်းကွဲသွားသော ခွက်များကို ကြည့်၍  အတွေးများ လွန်နေ‌လေသည်။

"ငါ.....ငါဘာလုပ်ရမလဲ?.....ငါ ရီပေါ်ကို အဆုံးရှုံးမခံနိုင်ဘူး.....ငါက သူ့ယောက်ျားဆိုတာ ရီပေါ်ကို ပြောပြရမယ်.....ဒါပေမဲ့ ဦးလေးရှေ့မှာပြောရင်တော့....မရလောက်ဘူး.....
ဟုတ်တယ် .....အခုဘယ်သူမှ သတိမထားမိတုန်း....
ငါရီပေါ်လေးကို အမှန်တိုင်းပြောပြရမယ်....ဒါမှ သူဟိုကောင်မလေးကို လက်မထက် မှာ......"

‌ ‌‌ရှောင်ကျန်း တစ်ယောက်အ‌တွေးလွန် ‌နေရာမှ ချက်ချက်ထပြီး....ရီပေါ်အခန်းထဲသို့ ဝင်သွားလေသည်။ရီပေါ်အား ဆုံးရှုံးရတော့မည်ဟူသော စိတ်ကြောင့် ကွဲနေသော ဖန်ကွဲစများကိုလည်း နင်းမိမှန်း မသိ နင်းမိသွား‌လေသည်။

အိမ်အောက်ထပ်မှ အိမ်အပေါ်ထပ်သို့ ရှောင်ကျန်း၏
သွေးပေနေသော ‌ခြေရာများနှင့်ပြည့်နေလေသည်။

...........................................

ဒေါက်....ဒေါက်.....ဒေါက်.......

"ဘယ်သူလဲ?....."
ရီပေါ်၏ အမေးကို အဖြေပြန်မလာသောကြောင့်....အခန်းတံခါးဖွင့်၍ သွားကြည့်ရာ........

ရုတ်တရက်  ဆွဲဖက်ခြင်းခံရပြီး......အခန်းထဲသို့ ဆွဲသွင်းခြင်းခံရတာကြောင့်......ရီပေါ် အနည်းငယ် ‌စိတ်ဆိုးမိသည်။ ထို့နောက် မိမိအားဖက်ထားသော
ရင်ခွင်တစ်ခုကို ရီပေါ် အခန်းတံခါနှင့် စောင့်မိသွားသည်အထိ အားသုံး၍ တွန်းလိုက်လေသည်။

"ခင်ဗျားဘာလုပ်တာလဲ?.....ဘာလို့ ကျွန်တော့်ကိုလာဖက်နေတာလဲ...?...
.ခင်ဗျားရူးနေလား?....ကျွန်တော့်ကို ခင်ဗျားယောက်ျားများမှတ်နေလား?......
ကျွန်တော့်မှာ လက်ထက်ရမယ့်သူရှိတယ်.....ခင်ဗျားကို ပါးကသနားလို့ ခေါ်ထားပေမဲ့ .....ကျွန်တော်က ခေါ်ထားချင်တာ မဟုတ်ဘူး.....ဒါပေမဲ့ ဒီ‌တစ်ခေါက်က ခွင့်လွှတ်ပေးလိုက်မယ်......နောက်တစ်ခါ ဒီလို အဖြစ်မျိုးထပ်လုပ်ရင်......ခင်ဗျားကို ကျွန်တော်ကိုယ်တိုင် ဒီအိမ်က မောင်းထုတ်မယ်......တောက်!!!!....."

"သူ့ကို.....လက်မထက်ပါနဲ့လားဟင်....."

"ကျွန်တော့်က ကျွန်တော်  ဘယ်သူနဲ့ပဲ လက်ထက်...
လက်ထက် ...
ခင်ဗျားအပူဘာပါလဲ?......ဘာလဲ ခင်ဗျားက ကျွန်တော့်ကို သဘောကျနေတာလား....ဟား...ဟား...
ဒါဆိုရင် ခင်ဗျားက ...ခင်ဗျားယောက်ျားကို သစ္စာဖောက်..........."

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now