မြင်နိုင်မလား -38

1.8K 80 8
                                    

မိုးများ တိတ်သွားသော်လည်း ရှောင်ကျန်းအတွေးပင်လယ်ထဲကနေ မထွက်နိုင်သေးပေ။
ရှောင်ကျန်း တစ်ယောက်   ရီပေါ်နှင့်အတူ အမှတ်တရတွေကို ပြန်တွေးမိနေစဉ်..................

ရုတ်တရက် ရုံးခန်းထဲမှ အလောတကြီး ထွက်လာသော ရီပေါ်........အလျင်အမြန် ကားနားဆီပြေးသွားတော့ ရှောင်ကျန်းပါ ရီပေါ်နောက်ကို လိုက်၍ ကားပေါ်သို့တက်လိုက်လေသည်။

"ရီပေါ်.....ကလေး....ဘာဖြစ်နေတာလဲ?...ဘာတွေ အလောကြီးနေလို့လဲ?....."

ရှောင်ကျန်းက အလောတကြီးမေးနေသော်လည်း.....
ရီပေါ်က အရေးမလုပ်ပဲ ကားကိုသာ ဆက်မောင်းနေလေသည်။

"ကလေး.......ရီပေါ......"

"အား!!!........

ခင်ဗျား ဘာ‌တြွေဖစ်ချင်နေတာလဲ?.....ရှောင်ကျန်း...
ခင်ဗျား မေးခွန်းတွေ သိပ်မမေးနဲ့ ဗျာ ကျွန်တော်မ‌ဖြေနိုင်ဘူး........ခင်ဗျား ဟာလေ တကယ့်ကို စိတ်ပြတ်ဖို့ကောင်းတယ်.........ဒီမှာ အရေးကြီးတဲ့ ကိစ္စတွေကိုတောင် ခင်ဗျားအသံကြောင့် ကောင်း‌ကောင်းစဉ်းစားလို့မရ‌တော့ဘူး..........
ခင်ဗျားကြီးကွာ....တစ်ခါတစ်လေလောက်တော့...
အလိုက်တသိလေးနဲ့ တိတ်တိတ်လေးနေပေးပါလား........"

ရီပေါ်သည်  စိတ်တအားတိုနေပြီး မျက်နှာ တစ်ခုလုံး
နီမြန်းနေလေသည်။ ထို့နောက် ရှောင်ကျန်းအား စိတ်ရှိလက်ရှိ အော်ထည့်လိုက်သောကြောင့်
ရှောင်ကျန်းခင်ဗျား ......မိမိကိုယ်ကို အပြစ်ရှိသလိုခံစားရ၍  ရီပေါ်အား...
တောင်းပန်လေသည်။

"ရီပေါ် ကောတောင်းပန်ပါတယ်နော်......"

ရီပေါ်ပြောလိုက်တဲ့စကားက  ခဏတဖြုတ် စိတ်ဆိုးတုန်းဆိုပေမဲ့ အပြောခံလိုက်ရတဲ့ ရှောင်းကျန်းအဖို့  အသည်းနင့်အောင်ကို ခံစားရစေသည်။

ရှောင်ကျန်း ရီပေါ်ကို တောင်းပန်ပြီးတဲ့ အချိန်မှ စ၍
ရီပေါ်တို့ သွားမည့်နေရာကို  ရောက်သည်အထိ စကားတစ်လုံးမှ ဆက်မပြောကြချေ။

.....................................

ရီပေါ်သည် ကားရပ်ပြီးပြီးချင်း ကုမ္ပဏီမှ ပိုင်‌ဆိုင်သော အဆောက်အဦးသို့ အလျင်အမြန် သွားကြည့်လေသည်။ ရှောင်ကျန်းလည်း ရီပေါ်အား တစ်စုံတစ်ခု ဖြစ်မှာ စိုးရိမ်သောကြောင့်  အနောက်မှ အလျင်အမြန်လိုက်သွားလေသည်။

မြင်နိုင်မလား (Zg+Uni)Where stories live. Discover now