7🐝

459 41 10
                                    

(Unicode)

"မင်းကိုယ်မင်း ဘာထင်နေတာလဲ Kim Jongdae"

Doctor Yixing ရဲ့ အဆောင်ဘက်မှ ဟိန်းထွက်လာသော အော်သံကြောင့် ဖြတ်သွားဖြတ်လာအကုန်လုံးက ဟိုချောင်းဒီချောင်းဖြစ်ကုန်ကြသည်။

"ဒုန်း...."

Yixing ရဲ့ ရုံးခန်းတံခါးကို ဆောင့်ပိတ်ပြီး ထွက်သွားတဲ့ Jongdae ​ကလည်း ဒေါသကြောင့် မျက်လုံးများပါနီရဲလျက်။

ကျန်ရစ်ခဲ့တဲ့ Yixing ကလည်း စိတ်ရှုပ်ဟန်ဖြင့် သက်ပြင်းများ ချပြီး လုပ်လက်စကိုသာ ဆက်ကြည့်နေသည်။

Jongdae ဒေါသဖြင့် ခြေဉီးတည့်ရာ ထွက်လာသည်မို့ Sehun ဆီကိုသာ သွားလိုက်တော့သည်။

Zhang Yixing က တကယ်မုန်းဖို့ကောင်းလိုက်တာ....
_____________________________________

"Sehun...မင်းသိလား"

"Zhang Yixing ကလေ ငါ့ကိုလူတွေရှေ့မှာပါ အော်တာ...."

" ဘာဖြစ်လို့တုန်း..."

"ပြသနာက သူ့ကောင်မကနေ စတာ"

ဒေါနဲ့မောနဲ့ ပြောလာသော Jongdae ကြောင့် Sehun အံ့သြသွားမိသည်။ Jongdae ဆိုသည်က တော်ရုံဒေါသမထွက်တတ်တဲ့ ကောင်ငယ်လေးပေမို့ အခုကိစ္စက အတော်ပင် ကြီးမည့်ပုံ။

"စိတ်လျှော့ပြီးတော့ ငါ့ကိုပြော...Jongdae"

Zhang Yixing နှင့်မကုရရင် မပြန်ဘူးဆိုပြီး ဂျီကျနေသော လူနာမလေးကို ချော့နေသည့် Jongdae အား သူ့အမက လာအော်နေသည်မို့ Jongdae က ပြန်အပြော ရုတ်တရက်ရောက်လာသည့် Zhang Yixing ကြောင့် အစောက စွာနေသည့် အမကြီးက မျက်ရည်တြွေဖင့် Jongdae အား ချောက်တွန်းသွားခြင်းပင်။

ဟိုအဘိုးကြီးကလည်း အကျိုးအကြောင်းမမေးဘဲ Jongdae အား လူကြားထဲမှာ အော်ငေါက်သည့်အပြင် ဟိုဘွားတော်ကြီးကိုပါ တောင်းပန်ခိုင်းသည်မို့ ပို၍ဆိုးသွားခြင်းသာ။

Sehun ကိုပြောပြတော့ ခွင့်ယူခိုင်းသည်မို့ ဒီတစ်ခါတော့ Sehun စကားနားထောင်ပစ်မည်။

Crush တွေများ အကျိုးကိုမပေးဘူး...

အမေရိကန်နဲ့ အီရန်စစ်ဖြစ်နေပြီ...ငါ့ crush က ဉီးနှောက်မရှိသေးဘူး...

Honey & PlayboyWhere stories live. Discover now