5🐝

432 48 16
                                    

(Unicode)

Zhang Yixing ရဲ့အနားမှာ ကူလုပ်ပေးနေရတာကြာလာတော့ Jongdae ခမျာ အတော်လေးပင် ကျွမ်းကျင်လာနေပြီဖြစ်သည်။

နှလုံးကုသဆောင်က Jongdae က ဒီအထိ လာကူရတယ်ဆိုကတည်းက Jongdae ကို Yixing ဒုက္ခပေးချင်မှန်း သိပ်သိသာသည်။

Zhang Yixing ဆိုသော အဘိုးကြီးက အလုပ်နဲ့ပတ်သက်လျှင် မျက်နှာသာမပေး အော်ငေါက်၍ပင် ဆူသေးသည်။

Jongdae မှာ Yixing ဘေးနားမှာ အနေများ၍ နှလုံးကုသဆောင်တောင် သိပ်မရောက်ဖြစ်တော့။

ဒီလူကြီးက လူလိုမှ မခိုင်းတာ။ ခဏခဏ သူခိုင်းတာလုပ်ပေးရင်း Jongdae မှာ အားလပ်ချိန်နဲ့ ဝေးကွာသထက် ဝေးကွာလာခြင်းပင်။

ဒီနေ့မှ ထူးထူးဆန်းဆန်းစိတ်ကောင်းဝင်နေသည့် Xing Ge ​ကျေးဇူးနှင့် Jongdae မှာ Sehun နဲ့အတူ Soju ဆိုင်တွင် အငြိမ့်သား။

တစ်ရက်လုံးပိတ်ရက်ရသည်မို့ တစ်နေကုန်နားထားပြီး ညဘက် Sehun ကိုလှမ်းခေါ်ကာ နှစ်ယောက်သားကဲရန် ပြင်ဆင်ကြခြင်းပင်။

Zhang အဖိုးကြီးကြောင့် သူတို့မကဲရတာ အတော်ကြာနေပြီကိုး။

" Sehunnie....ငါ့သူငယ်ချင်းလေး လွမ်းနေတာ"

တစ်ပုလင်းတောင်မကုန်သေး စရစ်နေပြီးဖြစ်တဲ့ အမောင် Jongdae ကြောင့် Sehun စိတ်လေသွားသည်။

" အမယ်....Crushနားမှာ နေ့တိုင်းနေ့ရတဲ့ကောင်ကများ"

Sehun ဘုတောတောပစ်တော့ Soju ကို မော့သောက်ရင်း မျက်စောင်းထိုးလာသည့် Jongdae လေးက ရိုက်သတ်ချင်စရာ။

" ဒီဖေ...."

" လိမ္မာယဥ်ကျေးတဲ့ Dae Dae လေးက ဒုဆေးရုံအုပ် Jongin ကို ပစ်ကြွေနေတဲ့
Sehun လေးကို မဆဲတော့ပါဘူးနော်။

Jongdae စကားကြောင့် Sehun တိုင်နဲ့ခေါင်းနဲ့ ပြေးဆောင့်ချင်သွားသည်။

"စောင်ငမူးပါး....ငါ့ကိုကျ အချွန်နဲ့မတယ်"

အန်တီကြီးကို Soju ပုလင်းထပ်ချခိုင်းနေသော ငမူးကောင် Jongdae ကိုကြည့်ရင်း Sehun ပြောလိုက်ခြင်း။

အန်တီကြီးလာချပေးသော Soju တွေကို ဖောက်သောက်နေသည့် Jongdae နဲ့အတူ Sehun ပါ မူးအောင်သောက်လိုက်တော့သည်။

Honey & PlayboyWhere stories live. Discover now