1🐝

818 59 6
                                    

(Unicode)

"Doctor ZhangYixing " ဆိုသော ဆိုင်းဘုတ်လေး ချိတ်ဆွဲထားသော အခန်းရှေ့တွင် ထိုင်စောင့်နေသော အမျိုးသမီးငယ်လေးများက အများအပြား။

ဆိုးလ်ဆေးရုံကြီးတွင် ZhangYixing ၏ ဆေးကုခန်းတွင် လူအစည်ဆုံးပင် ဖြစ်သည်။

အကြောင်းသည်ကား အနှီ ZhangYixing ကား မျက်နှာပြုပြင်ခွဲစိတ်အထူးကု ဖြစ်သောကြောင့်ပင်တည်း။

ရုပ်ရည်ကလည်း အတော်အသင့်ချောမောသူဖြစ်၍ လှပသူလှပျိုဖြူတွေက အသည်းစွဲသလို ZhangYixing ၏ ကောင်မလေးများအဖြစ် နံပါတ်စဉ်တပ်လျက်။

Batch တူတူတက်ခဲ့ရသော Jongdae အဖို့ အနှီကောင်အား သဘောကျရသည်မှာ ဒဏ်ရာပြည့်နေသော မိမိအသည်းကို ဆားနှင့်ပက်နေရသလိုပင် တဆစ်ဆစ်နာကျင်လျက်။

တော်သေးသည်မှာ Jongdae က နှလုံးအထူးကုဖြစ်၍ ကိုယ့်ဘာသာပင် ပြန်ကုနိုင်သည်ဟုပင် ဖြေသိမ့်နေရသည်။

ထိုလူသားသည်ကား သူ၏ပြိုင်ကားထက်သို့ တစ်လတစ်ခါ မဒီများကို ပြောင်းလဲတင်ဆောင်ရင်း အလုပ်တွေကို ရှုပ်လွန်းလို့။

ထိုကောင်အား စိတ်ရှိလျှင် Jongdae မေးချင်ပါရဲ့

" လေးနှစ်ကျော် ကြိုက်လာတဲ့ ဒီက Jongdae လေးကို ဘယ်တော့မှ မြင်မှာလဲ" ဟူ၍ မေးရင်း နားပန်ကျင်းချင်မိပါ၏။

ခုလက်ရှိ မေးထူးခေါ်ပြောသော လုပ်ငန်းခွင်ဇုန်ထဲတွင် ရောက်နေရသောအဖြစ်သည်ကား ဖရန့်စ်ဇုန်ထက် အဆတစ်ရာမက ဆိုးလှပေသည်။

"ချစ်နေတော့လည်း ဘယ်လိုပဲ ခင်ရခင်ရ ပျော်နေတော့တာပါပဲ"

TBC

အသစ်လေးကိုလည်း ချစ်ပေးကြပါဦး🙄

သဘောကျမယ်လို့ မျှော်လင့်ပါတယ်😁

Feedback လေးတွေ ပေးပြီး ဝေဖန်ခဲ့ပါ🙄

#Zein🦁

(Zawgyi)












TBC




#Zein🦁

Honey & Playboyजहाँ कहानियाँ रहती हैं। अभी खोजें