3🐝

512 57 2
                                    

(Unicode)

ZhangYixing ၏တွဲဖက်ဖြစ်ပြီးကတည်းက Jongdae ရဲ့ဘဝမှာ အားလပ်ချိန်သည် ကောက်ရိုးမျှင်လေးလောက်သာ ရှိတော့သည်။

လူနာတွေကို တူတူစမ်းသပ်ရတာဖြစ်သလို တစ်ခါတစ်လေ သူ့အရှုပ်များကြောင့် Jongdae မှာမျက်နှာပူရသည်။

သူကတော့ ပျိုမဒီတိုင်းကို မူပိုင်အပြုံးချိုချိုကြီးနှင့် ဖမ်းစားလျက်။

အရေပြားနှင့်ပတ်သက်သည့်ကိစ္စများအား Jongdae ကပြန်လေ့လောနေရသည်မို့ လူနာပါးသည့်အချိန်တိုင်း စာနွှေးကာ ပြန်ကြည့်ရသည်။

နှလုံးကုသဆောင်ကို ဆယ်ဟွန်းလက်ထဲတွင် အပ်ထားသည်မို့ Jongdae အနေနဲ့ အေးအေးဆေးဆေးလေ့လာနိုင်သည်ပင်။

စာလေ့လာနေသော Jongdae ကိုဘေးစားပွဲတွင် ထိုင်နေသည့် ZhangYixing ကို အပြုံးချိုချိုကြီးများနှင့် ကြည့်နေသည်ကို Jongdae မသိခဲ့။

"Jongdae...အဲ့တာက မှားနေတယ်"

နောက်ကျောဘက်မှ ထွက်လာသော အသံကြောင့် Jongdae ခမျာ လန့်သွားရသည်။

"အေး...ဟုတ်လား...ကျေးဇူးပဲ Yixing"

မြန်မြန်ထွက်သွားအောင် ပြေရာပြေကြောင်း ပြောသည်ကို ထိုသကောင့်သားက မိမိအား အုပ်မိုးကာ အဖြေမှန်တွေ ပြောပြနေသည်။

ခုအခြေအနေကြီးက Yixing ရင်ခွင်ထဲမြုပ်နေသည်မို့ ရင်ခုန်လာသော နှလုံးကြီးကြောင့် Jongdae အဆင်မပြေ။

သူက စာပြောပြတာ ဖြစ်ပေမဲ့ Jongdae ကတော့ နေရတာအဆင်မပြေ။

"Yixing....နည်းနည်းလောက်...ဖယ်ပါဦး....အသက်ရှူကြပ်လို့"

Yixing အုပ်မိုးထားတော့ ရင်ခွင်ထဲက ထွက်လာသည့် Jongdae အသံကြောင့် Yixing ပြုံးမိသည်ပင်။

ငုံ့ကြည့်လိုက်တော့ နားရွက်ဖျားများနီရဲနေသည့် သကောင့်သား။

Yixing လည်း ပြုံးပြီး အခန်းပြင်ထွက်သွားတော့ ကျန်ခဲ့သည့် Jongdae ခမျာ သက်ပြင်းသာဟူးခနဲ ချရင်း ရေတစ်ခွက် ခပ်သောက်လိုက်ရသည်။

အခန်းပြင်က လူတစ်ယောက်ကတော့ Jongdae အားကြည့်ရင်း သဘောတကျပြုံးပြီး ထွက်သွားလျက်။

TBC

သဘောကျမယ်လို့ မျှော်လင့်လျက်😁

#Zein🦁

(Zawgyi)


















TBC


#Zein🦁

Honey & PlayboyWhere stories live. Discover now