2🐝

628 58 11
                                    

(Unicode)

ကောင်းကျိုးမပေးသော လူသားများထဲတွင် crush ဟူသော လူသားမှာ ထိပ်ဆုံးက နံပါတ်တပ်လျက်။

" Jongdae မင်းကို ဆေးရုံအုပ် ခေါ်နေတယ်"

Ward ထဲ ခဏနားနေတုန်း လာပြောသည့် Sehun

အထွေအထူးမရှိရင် မခေါ်တတ်သည့် ဆေးရုံအုပ်ကြောင့် Jongdae လည်း အံ့သြမိသည်ပင်။

ဆေးရုံအုပ်အခန်းထဲက ထွက်လာသော Jongdae ပုံက အားရစရာမရှိ။ စိတ်ဆင်းရဲနေသည်မှာ သေခါနီးလူနာထက်ပင် ပုံပျက်လွန်းလှပေသည်။

အကြောင်းကား အရေပြားကုသဆောင်ဘက်တွင် ဆရာဝန်အရေအတွက်နည်းနေ၍ Jongdae တို့ Ward မှ Jongdae အပါအဝင် လေးငါးယောက်က စေတနာဖြင့် အစားထိုးကူညီရမည်ဟူ၍ ဆေးရုံအုပ်က မှာတမ်းခြွေလိုက်ခြင်းကြောင့် ဖြစ်သည်။

" ဘာ...မဖြစ်နိုင်တာ"

Jongdae ပြောပြသည်ကို ကြားတော့ လက်မခံနိုင်သည့် Sehun ရဲ့အသံကြောင့် ထမင်းစားဆောင်က အာရုံများက Jongdae တို့ ဝိုင်းကို ရောက်လာသည်။

အရေပြားကုသဆောင်တွင် အလုပ်ဆင်းရသော Jongdae တို့က နှလုံးကုသဆောင်ကိုပါ ညဆိုင်းကို အလှည့်ကျ ရက်အလိုက် ဆင်းပေးရသည်။

ဟိုဘက်ပြေးလိုက် ဒီဘက်လောလိုက်နှင့် အလုပ်ရှုပ်နေကြသည်မို့ အကုန်လုံးက မျက်နှာမသာမယာ

ကုသဆောင်နှစ်ခုကို ပြေးရလွှားရသည်မှာ လွယ်သည်မှမဟုတ်ပေ။ Jongdae နှင့် Sehun က စီနီယာဖြစ်၍ ပိုပင်ပန်းရသည်။

နားချိန်နည်းသည့်အတွက် အချိန်ရှိသည်နှင့် မှောက်အိပ်လိုက် နားလိုက်နှင့် မနည်းအားဖြည့်ရသည်ပင်။

" ဒီက Jongdae shi....ကျွန်တော် အကူအညီလေး တစ်ခုတောင်းလို့ရမလား"

ထမင်းစားဆောင်တွင် နားနေတုန်း မူပိုင်ပါးချိုင့်များအား ပိုထင်းအောင် ပြုံးပြပြီး အကူအညီလာတောင်းသော ZhangYixing ကြောင့် Jongdae ရင်မှာတလှပ်လှပ်။

"ဟုတ်...ဘာများကူညီရမလဲ ZhangYixing shi"

ခေတ္တမျှ ပြုံးပြီးမှ ထပ်မံစကားပြောလာသော ထိုလူသား

" အာ...အခု ကိုယ့်တွဲဖက်က ရုတ်တရက်နယ်ဘက်ကို တာဝန်နဲ့ ပြောင်းသွားတော့ ကိုယ့်မှာက ရုတ်တရက်ဆိုတော့ လူမရှာလိုက်နိုင်ဘူး...."

Honey & PlayboyWhere stories live. Discover now