လေးငယ်(11)(Z+U)

Start from the beginning
                                    

''သူဌေးက ကိုယ့်ကို ယုံကြည်အားကိုးတာ မင်းသိတယ်မလား...! ရားထူးတိုးတာကလည်း ကိုယ့်အထက်မှာ MDပဲရှိပါတော့တယ် မိန်းမရယ်...''

''အဲ့ဒါဆို ရှင့်မျက်နှာက ဘာဖြစ်လို့ မအီမလည်ဖြစ်နေတာလဲ... ဒီတစ်နှစ် နှစ်သစ်ကူးရုံးပိတ်ရက်ရရင် ယောက္ခမကြီးတို့ကို ပြန်ပြီးကန်တော့ကြမယ်လေ...''

''အားရီးဂူး... ငါ့မိန်းမက အလိုက်သိလိုက်တာ... အဲ့ဒါကြောင့်လည်း အခုအချိန်ထိ ကျုပ်က ချစ်လို့မဝဖြစ်နေတာနေမှာ...!  Yebo... သားငယ်က အိမ်ထောင်ပြုသွားပြီဆိုတော့ ကိုယ်တို့သမီးလေးတစ်ယောက်လောက် ထပ်မွေးရင် မကောင်းဘူးလား...''

''အာ____အသက်ကြီးမှ အဖိုးကြီး ဘာတွေလျှောက်ပြောနေတာလဲ...''

''နော်..Yebo..! နော်....''

''ဒီလူကြီး သူငယ်ပြန်နေပြီပဲ...''

''အဟင်း...ဟင်း... နော်လို့...Junလေး...Myeon...မိန်းမ... Yebo....''

''တော်ပါပြီ ယောက်ျားရယ်.... အရူးမထစမ်းပါနဲ့... လာ..! ခြေသည်းညှပ်ပေးတော့မယ်...''

°~°~°~°~°~°~°~°~°~°~°~

မိန်းမဖြစ်သူရှေ့သာ ဘာမှမဖြစ်သလို ဟန်ဆောင်နေလိုက်ရပေမဲ့ အခုတလော မမလေးက Oh Sehunဆီ အသွားစိတ်နေသည်။

ဟိုနေ့ကလည်း MZရဲ့ ဂီတပွဲကို နှစ်ယောက်အတူသွားကြည့်ကြတယ်ပြောတယ်...

သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်က အချိန်ခဏလေးအတွင်းမှာ တော်တော်တွယ်သွားခဲ့တာ သူအသိဆုံး..

အဲ့ဒီလိုဆို သူ့သားကရော... အသက်အရွယ်က ကွာလွန်းလှသည်။

အခြေအနေ အကြောင်းကြောင်းကြောင့် မဖြစ်မနေလက်ထပ်ပေးလိုက်ရတဲ့ အိမ်ထောင်ရေး...

သားရဲ့အိမ်ထောင်ရေးလေးက ပျော်ရွှင်ရရဲ့လား... အဆင်ပြေနေရဲ့လား...

စိတ်ပူပြီး စိုးရိမ်မိသဖြင့် ကျောင်းကိုသွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး ကျောင်းအရှေ့လာစောင့်နေခြင်း ဖြစ်ပါသည်။

''သားငယ်...''

''Appa...!!''

သူ့ကိုတွေ့တော့ သူ့သား လူထွားကြီးက ကလေးပေါက်စနှယ် အပြေးအလွှား ပြေးလာပါသည်။

လေးငယ်(လေးငယ်)(completed)Where stories live. Discover now