နတ်သားလေးကိုပဲလိုချင်တယ်

3.8K 341 76
                                    



အပိုင်း ( ၁၆. )

နန်းတော်ထဲမှာထွက်ပေါ်လာတဲ့ခြေသံတွေက
အပျိုတော်တစ် စုရဲ့ ခပ်သွက်သွက်ပြေးလိုက်
နေသည့်ခြေသံတွေသာ ဖြစ်သည်....

ရှေ့ကတတောက်တောက်ပြေးသွားသည့်
၆ နှစ်အရွယ်ကလေးကို အထိန်းတော်ကြီး
လိုက်ဖမ်း၍ မမှီနိုင်တော့ပေ....

" မင်းသမီးလေး ဖြည်းဖြည်းသွားပါ
မင်းသမီးလေး "

ကရောသောပါးနောက်ကပြေးလိုက်လာသော
အထိန်းတော်ကြီးနှင့်အပျိုတော်အုပ်စုကြီးကို
ဂရုပင်မစိုက်ပဲ ဂါဝန်ဖားဖားကြီးကို လက်နှစ်ဖက်ဖြင့်မ'ကာ လွှားကနဲ လွှားကနဲပြေးသွား
သည့်ဟာလေးက. တကယ့်မျောက်မလေး
ပင်ဖြစ်သည်.......

ကျိုးကျိုးကျဲကျဲချထားသော ရှေ့ဆံမြိတ်တွေက မျက်ခုံးထက်ထိ တိုတက်လို့
သွားကျိုးတွေ ပေါ်အောင်ရယ်ရင်း တစ်နေရာ
ကိုသည်းကြီး မည်းကြီးပြေးနေသည်.....

ထိုနေရာကား အိမ်ရှေ့စံ၏ အိမ်တော်ရာပင်

" အစ်ကိုတော်.... အစ်ကိုတော်..... "

စွာစိနေသော အသံလေးနဲ့ အဆောင်တံခါးကို
ဝုန်းကနဲတိုးဖွင့်ကာ ပြေးဝင်သွားသော
မင်းသမီးလေး၏ နောက်တွင် အပျိုတော်
အုပ်လိုက်ကြီးအဆောင်ရှေ့၌ ကျန်ခဲ့ရလေသည်......

" အစ်ကိုတော်ရေ.... သမီးကြင်ယာဖက်ရပြီ
ခမည်းတော်က ကြင်ယာဖက်ရွေးပြီးသွားပြီ
သိလား ... ဘယ်သူလဲမှန်းကြည့်.. "

နားထဲစူးကနဲ ဝင်လာသော ကမျောသောပါး
စကားတွေကြောင့် အိမ်ရှေ့စံ ကဗျာကူးနေရင်း နားကိုလက်သန်းနဲ့ထိုးကလော်လိုက်သည်.....

" အန်းဒူ... ဒီမှာ အစ်ကိုတော်စာလုပ်နေတယ်
လေ "

" အား.... ဒါပေါ့ အမတ်လေးဂျွန်ယိုး ပဲ
ဂိုလျောရဲ့အချောဆုံးလေး... အား..
ပျော်လွန်းလို့ ဘယ်လိုလုပ်ရမလဲ
အဲ့ နုနုထွတ်ထွတ်လေးက ညီမလေးရဲ့ကြင်ဖက်တဲ့...... "

လက်သီးဆုပ်တွေနဲ့ ရင်ဘတ်ကိုဖိရင်း
ခုန်ဆွဆွလုပ်ကာ မျက်စိစုံမှိတ်အော်နေသော
ညီမဖြစ်သူကြောင့် အိမ်ရှေ့စံ သက်ပြင်းချကာ မျက်မှောင်ကြုံ့ကြည့်လိုက်သည်....

You've reached the end of published parts.

⏰ Last updated: Apr 20, 2020 ⏰

Add this story to your Library to get notified about new parts!

( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်းWhere stories live. Discover now