နဂါးပျိုလေးရဲ့ ဖူးစာဖက်က နှစ်ယောက်တောင်

1.5K 163 8
                                    

အပိုင်း ( ၁၄. )

ရင်ခုန်သံတဒိတ်ဒိတ်သည် နားရွက်ဖျားထိတိုင် နွေးစေလျှက် တငွေ့ငွေ့တက်လာသော်လည်း နှုတ်ခမ်းပေါ်က လှုပ်ရှားမှုများ
သည် မရပ်တန့်သေး...

အပိုထပ်ဆောင်း၍ သူ့ပုခုံးပေါ်ကိုပါ လက်နှစ်ဖက် ယှက်တင်လာပြီး ခေါင်းကို စောင်းကာ
စောင်းကာ နမ်းနေခြင်းပင်ဖြစ်သည်..

" လူရှိလားလို့ မေးနေ....... အဲ "

တံခါးကို ဇွတ်ဖွင့်လျှက်ဝင်လာသော တပ်သားလေး တစ်ဦးသည် စကားပင်မဆုံး
နိုင်လိုက်..
စာအုပ်ဆောင်ထဲတွင် အပြင်းအထန်
ချစ်ကြည်နူးတစ်တီတူးနေကြသော မိန်းမလှ
လေးတို့အတွဲကြောင့် ချက်ချင်းပင် အကြည့်
လွှဲကာ ခေါင်းကိုအောက်သို့ငုံ့လိုက်ရသည်.....

လူပျိုပေါက် တပ်သားလေးမှာ ပါးတွေနီရဲ
လာသည်အထိ....ရှက်သွားရ၏..

" တောင်း တောင်းပန်ပါတယ်..... အဟမ်း
စာအုပ်ဆောင်ထဲမှာတော့ မ. မလုပ်နဲ့ပေါ့ "

ချက်ချင်းဆိုသလို လှစ်ကနဲ လှည့်ပြန်ကာ
တံခါးဆောင့်ပိတ်သံအဆုံး နမ်းနေခြင်းကို
ရပ်တန့်ပြီး.... တံခါးဘက်ကို အမောတကော
လှည့်ကြည့်ကာ သက်ပြင်းချသော မိန်းမလှလေး တစ်ဖြစ်လဲ ဘတ်ဟျွန်းနှင့်......

မျက်လုံးကြီးပြူးကာ ကြောင်တောင်တောင်
ကြီး ဖြစ်နေသော အိမ်ရှေ့စံတို့ ရှိခဲ့လေသည်...

" တော်တော်ကဲတဲ့အတွဲ "

အားကျစိတ်တစ်ဝက် အပြစ်တင်လိုစိတ်
တစ်ဝက်နှင့် ထွက်လာသော ရေရွတ်စကားနှင့်
အတူ အပြင်ဘက်က ခြေသံတဖြတ်ဖြတ်
ဝေးကွာသွားတော့မှ.... ဘတ်ဟျွန်းရင်ဘတ်
ထဲက အလုံးကြီးကျတော့၏......

" ဟူး....... တော်သေးတာပေါ့......
မမိလို့....... "

ဘတ်ဟျွန်းသည် ပြောပြောဆိုဆိုနှင့် မျက်နှာကို ရှေ့ဘက်ပြန်လှည့်တော့ တစ်ချက်မှမလှုပ်
ပဲ မျက်လုံးကြီးပြူးကာ ​ငြိမ်သက်နေသော
အိမ်ရှေ့စံအား တွေ့ရသည်......

ဘုရားရေ.......

ငါဘာတွေ လုပ်မိလုပ်ရာ လုပ်လိုက်တာတုန်း

ဒီတစ်ခါတော့ တစ်ကယ် ခေါင်းပြတ်ပြီပဲ......

သေလိုက်ပါတော့... ​ေသလိုက်ပါတော့....

( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်းWhere stories live. Discover now