သူရဲ​ကောင်​း ​ဗြောင်​ဘတ်​ဟျွန်​းရဲ့ ​အောင်​မြင်​မှုကြီး

3.8K 515 127
                                    

အခန်​း ( ၅ )

အပြာရင်​့​ရောင်​ဘက်​သန်​း​သော ခရမ်​း​ပြာ​ရောင်​
ပိတ်​စ​ပေါ်တွင်​ ​ရွှေချည်​မျှင်​များဖြင်​့ လက်​ရာ
​မြောက်​စွာချည်​ထိုးပုံ​ဖော်​ထား​သော ဝတ်​ရုံသည်​
အိမ်​​ရှေ့စံ ​ရွေးချယ်​လိုက်​​သော အမဲလိုက်​ထွက်​
ရန်​ ဝတ်​စုံပင်​ ဖြစ်​သည်​ ။

ခါးစည်​းနှင်​့ လက်​ပတ်​စည်​း တို့ကို အနက်​​ရောင်​
ပိတ်​စများကို အသုံးပြု၍ ဆံပင်​တို့ကိုမူ ရှင်​းသန်​့
စွာထုံးဖွဲ့ထားကာ ဇာမဏီငှက်​ရုပ်​အသွင်​​ဆောင်​
သည်​့ ဆံထိုးဖြင်​့ ထိုးစိုက်​ထား၏ ။

ခန်​့ညားထည်​့ဝါ၍ ဣ​နြေ္ဒကြီးလွန်​း​သော
အိမ်​​ရှေ့စံသည်​ လက်​နှစ်​ဖက်​ကို ဟန်​ပါပါ
​နောက်​တွင်​ပစ်​ရင်​း ​ကြေးမုံ​တော်​​ရှေ့ ခပ်​တည်​
တည်​သွားရပ်​​လေရဲ့ ။

ထို့​နောက်​ မျက်​ခုံးတစ်​ဖက်​ကို ပင်​့ရင်​း .....

' ငါအရမ်​း​ချောလွန်​း​နေတယ်​မလား '

' ဟုတ်​ပါတယ်​ မင်​းသား '

ခပ်​တည်​တည်​​မေးသည်​့ အိမ်​​ရှေ့စံနှင်​့ ခပ်​တည်​
တည်​​ဖြေသည်​့ ကိုယ်​ရံ​တော်​ ​ခေါင်​း​ဆောင်​
အ​တော်​့ကို အတွဲညီလှ​ပေသည်​ ။

' ဒါနဲ့ ... ဟ်​ို ငနဲကို ဘာလုပ်​ခိုင်​းထားလဲ ။
ငါ​မှာသလို မြင်​း​ချေးကြုံးခိုင်​းထားလား ။ '

ပက်​စက်​​သော အကြံဆိုးကြီးနှင်​့ မင်​းသားသည်​
အကျီၤလက်​​ကို အသာ ပြင်​ဆင်​​နေရင်​း ​မေး၏ ။

' သူလည်​း အမဲလိုက်​ဖို့ ပြင်​ဆင်​ရပါမယ်​
မင်​းသား ။ ဒါမျိုးလုပ်​​ပေးဖို့ မအား​သေးဘူးလို့
ထင်​ပါတယ်​ ။ '

​ကြေးမုံ ​ရှေ့တွင်​ သပ်​ရပ်​ပိပြား​နေပြီး ဖြစ်​​သော
ဆံပင်​တို့ကို အထပ်​ထပ်​ သပ်​တင်​ကာ ပဲများ​နေ
​သော အိမ်​​ရှေ့စံက မထီမဲ့မြင်​ပုံ​လေးနှင်​့ ပြန်​​ဖြေ
​လေ၏ ။

' ထားလိုက်​​တော့ ...
ပြန်​လာမှ ငါ့ဟာငါပဲ လုပ်​ခိုင်​းလိုက်​မယ်​ ... '

' မင်​းသား ... ဒီ​နေ့ အမဲလိုက်​ပွဲမှာ သတိထား
တာ​ကောင်​းလိမ်​့မယ်​ ။
အမတ်​ကြီးဟွမ်နဲ့မင်​းသားဂိုအာ တို့ကဒီအခွင်​့
အ​ရေးကို လက်​လွှတ်​မယ်​မထင်​ဘူး '

( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်းWhere stories live. Discover now