ဒူးရင်းသီးပုတ်၏ ခဏတာ အချစ်ဇာတ်လမ်း(Uni)

1.9K 172 14
                                    

အပိုင်း ( ၁၁ )

သာယာလှပလွန်းလှသော ရေကန်အလယ်တွင် ထီးထီးမားမား တည်ရှိနေသော
ကြာပန်းဆောင်သည် ဆိတ်ငြိမ်ခြင်းအပေါင်း
တို့နှင့်တိတ်ဆိတ်လို့နေ၏ ။

အိမ်ရှေ့စံမင်းသားနှင့်တကွ အတူရှိနေသော
မင်းသား ဂိုဂဟျောင်း.. သခင်မလေးယွန်းအာ
တို့သည် စကားဝိုင်းတစ်ခု ဖြစ်တည်လျှက်
ရှိနေသည် ။

အစပိုင်းတော့ မိသားစုရေးရာများ
သာရေး နာရေးများ များမေးမြန်းပြောဆို
နေကြသော်လည်း တစ်အောင့်မျှကြာတော့
မင်းသား ဂိုဂဟျောင်း ကလျှို့ဝှက်စကားဝိုင်း
တစ်ခုကို စတင်ချင်လာသည့်ပုံပင် ။

" အခွင့်ရှိမယ်ဆိုရင် နှစ်ကိုယ်ကြား
စကားနည်းနည်းပြောချင်ပါတယ် အိမ်ရှေ့စံ "

ထိုစကားအား သူတို့စားပွဲဝိုင်းနားတွင်ရပ်နေသော ဘတ်ဟျွန်းအားကြည့်ရင်းဆိုလိုက်ခြင်း
ပင်ဖြစ်သည် ။

အနည်းငယ် ဣန္ဒြေ ရနေပြီဖြစ်သော အိမ်ရှေ့စံ က ယွန်းအာကို မသိမသာခိုးကြည့်နေရင်းမှ ဂိုဂဟျောင်း စကားကို အင်းအဲခပ်၏ ။

" အိမ်ရှေ့စံ ... နှစ်ကိုယ်ကြား စကားပြော
ချင်ပါတယ် "

ထိုအခါမှ မိမိကိုယ်ရံတော်အား နှင်စေချင်
နေသည်ကို အိမ်ရှေ့စံက ရိပ်မိလေသည် ။
ဘာကြောင့်မှန်းမသိ အလိုမကျစိတ်တို့
ကြီးစိုးလာရ၏ ။

" သူက ကိုယ်ရံတော်ပါ
ငါ့ရဲ့ ကိုယ်တွင်းရေးအကုန်ကို သိခွင့်ပေး
ထားတယ်..
အစ်ကိုတော် ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ် "

မျက်နှာတည်တည် တင်းတင်းနှင့် မင်းသားကို
ဂိုဂဟျောင်း ချောင်းတစ်ချက်ဟန့်ပြီး
ကြာပန်း လက်ဖက်ရည်ခွက်ကိုသာ လက်လှမ်းလေသည် ။

ဘတ်ဟျွန်းကတော့ အံ့သြသွားတာ အမှန် ။
အိမ်ရှေ့စံက သူ့ကို ဒီလောက်ထိ အလေးပေး
မယ်လို့ မထင်ခဲ့တာရော ကိုယ့်ကို ယုံကြည်
တယ်ဆိုတဲ့ ပုံစံကြောင့်ရော မထင်မရှား
အပြုံးလေးတစ်ခု ပြုံးလိုက်မိသည် ။

" ဦးရီးတော် စွပ်စွဲခံရတဲ့ ကိစ္စကို မင်းသား
လည်း သိပြီးလောက်ပါပြီ ။
ကျွန်တော်လိုချင်တာက တစ်ခုတည်းပါ ။
ဉီးရီးတော်ကို အပြစ်ကလွတ်အောင်
အဖြစ်မှန်တွေကို စုံစမ်းချင်တယ် ။
ဒီအတွက် မင်းသား နဲ့လာဆွေးနွေးတာပါပဲ ။"

( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်းWhere stories live. Discover now