​ဗြောင်​ဘတ်​ဟျွန်​းက ပို​ချောတယ်​

3.5K 478 48
                                    

အပိုင်​း ( ၉ )

​သေသပ်​​သော အခန်​း​လေးက
​လော​လောလတ်လတ်​ လူ​နေထိုင်​ခြင်​း
မရှိသည်​့နှယ်​့ အသုံးအ​ဆောင်​များ ရှင်​းလင်​း
​နေသည်​ ။

အခန်​းပြင်​ဆင်​မှု အ​နေဖြင်​့
စားပွဲခုံပု​လေးက အခန်​း​ထောင်​့နားတွင်​​နေရာ
ချထားပြီး စာအုပ်​အချို့ကိုပါ စီစီရီရီ တင်​ထား
လျှက်​​တွေ့ရ၏ ။

အိမ်​​ရှေ့စံသည်​ ပါးချိုင်​့​လေးတစ်​ဖက်​ ​ပေါ်သည်​အထိ ပြုံးလျှက်​ ပန်​းအိုး​လေးတစ်​အိုးပါထားရှိ
​သော စားပွဲခုံ​လေး​ရှေ့တွင်​ ထိုင်​၍ ဝါညို​ရောင်​
စာအုပ်​​လေးများကို လက်​လှမ်​း​တော့သည်​ ။

' ဟွမ်​အင်​း၏ ကဗျာများစုစည်​းမှု !
အင်​း .. ဘယ်​ဆိုးလို့လဲ ......
ပြသနာ​ကောင်​က တိုက်​ခိုက်​ဖို့မတတ်​​ပေမယ်​့
စာ​ပေ​လေ့လာလိုက်​စားတယ်​ဆိုတဲ့ သတင်​း
က​တော့ မှန်​တယ်​​နေမှာ '

တစ်​စုံတစ်​ဦး၏ အခန်​း​လေးထဲတွင်​
တစ်​စုံတစ်​​ဦး၏ ဝတ်​ရုံများကို ငှားဝတ်​လျှက်​
သူ၏ စာအုပ်​များကိုပါ စပ်​စုချင်​​နေ​သော
အိမ်​​ရှေ့စံသည်​ စာ​ပေဘက်​၌ ထူးချွန်​သူ
မဟုတ်​​သော်​လည်​း ကဗျာ​တွေကို​တော့
အနည်​းနဲ့အများ စိတ်​ဝင်​စားတာမို့ စာအုပ်​အား
အသာအယာ လှန်​ဖတ်​ကြည်​့​တော့ .......

' အားးးးး !!!!!!! '

အိမ်​​ရှေ့စံသည်​ အသံနက်​ကြီးနှင်​့​အော်​၍
စာအုပ်​ကို အဆိပ်​ရှိသတ္တဝါတစ်​​ကောင်​လို
​အလန်​့တကြား လွှတ်​ချလိုက်​ပြီး ​ဝေးရာသို့
​နောက်​ဆုတ်​ကာ ​ရွှေ့သွားမိသည်​ ။

' ဘာ ဘာ ဘာကြီးလဲ ......
ဟိုပုံ​တွေ .... ကဗျာစာအုပ်​ထဲမှာ
ဘယ်​လိုလုပ်​ပြီး .. ဒီ ဒီပုံ​တွေက ! '

ဆရာ​ကောင်​း သမား​ကောင်​းတို့ဖြင်​့
လိမ္မာယဉ်​​ကျေးစွာ စာသင်​ခဲ့ရ​သော
အိမ်​​ရှေ့စံ မင်​းသားငယ်​​လေးသည်​
လူပျို​ပေါက်​ အရွယ်​​ရောက်​​နေ​သော်​ငြား
မရင်​းနှီး​သေး​သော ရုပ်​ပြစာအုပ်​ အမျိုးအစား
​ကြောင်​့ လက်​​တွေ ​ခြေ​တွေပင်​ တုန်​ယင်​ချင်​
သွားရ၏ ။

( Zgyi + Uni ) အပိုးမကျိုးတဲ့ကိုယ်ရံတော်အားချစ်မိခြင်းWhere stories live. Discover now