လောင်ဖေ ကြမ်းပြင်မဲအပေါ်ခြေ ချလိုက်သည်နှင့် ပျဉ်ပြားတစ်ချပ်နေရာရွှေ့သွားပြီး သူတစ်ကိုယ်လုံးပေါ့ခနဲဖစ်သွားပြီး အောက်ကျသွားရှာလေသည်။ မျက်နှာဒဏ်ရာရထားသည့် သူ့လူမှာ ရှေ့တိုးလိုက်ပြီး သူ့ကို ဆွဲတင်ရန်ကြိုးစားလိုက်ချိန်တွင် ကြမ်းပြင်မှ ကျောက်ဓားသွားတို့ ပေါ်ထွက်လာပြီး ထိုဒဏ်ရာနှင့် လူသာ ထပ်ပြုတ်ကျလျှင်တော့ အောက်က ဆူးတို့နှင့် ထုတ်ခြင်းပေါက်မည့်အဖြစ်။

"သွားကြစို့"

လီစူးမှာ ကိုယ့်အသက်ကို ဖက်နဲ့ထုပ်ပြီး ရုန်းကန်နေရသော လောင်ဖေနှင့်သူ့လူကို မျက်ကွယ်ပြုလျှက် ထုံစံလေးအတိုင်း ကျန်းချိုးလက်ကလေးကိုဆွဲကာ အရှေ့က ပျဉ်ချပ်တစ်ခုအပေါ်ကို ဦးဆောင်ခေါ်သွားလေသည်။

"ကိုယ့်နောက်က သေသေချာချာလိုက်နော်"

ယု​ရွှေမှာ သူတို့နှစ်ယောက်နောက်က သေချာလိုက်ရင်း အရှေ့က ပိတ်ထားသည့်တံခါးကို စေ့စေ့ကြည့်လျှက် နှလုံးသားထဲက ပဲ့တင်ထပ်နေပြန်သော အသံလေးတစ်ခုက သူ့အား ရှေ့ဆက်သွားဖို့သာ ဆွဲခေါ်နေလေသည်။

လောင်ဒါး သူ့လူတွေကို လက်ဝေ့ပြလျက် သူ့နောက်လိုက်စေလိုက်ပြီး လောင်ဖေနှင့် သူလူ့တို့နားရောက်ချိန်တွင် သနားကြောင်းစကားတစ်ခွန်းပင်မဆိုပဲ ယု​ရွှေနောက် တကောက်ကောက်လိုက်သွားလေသည်။

ကျန်းချိုးကြောက်ကြောက်နှင့် လီစူးလက်ကိုအတင်းဆုတ်ကိုင်ထားလျက် တစ်ခြားအရာတွေအပေါ်အာရုံမရောက်ပဲ ခြေလှမ်းမမှားအောင်သာ အာရုံစိုက်နေရ၏။ ခြေလှမ်းမှားရင် လီစူးကို ဒုက္ခလှလှကြီးရောက်သွားစေမှာ သူအလွန်ကြောက်လှပါ၏။ သူ ဇောချွေးတို့ပြန်လာလျက် ဗိုက်အတွင်းကလည်း မွန်းကြပ်ကြပ်ရှိလာပြီး အရမ်းနာကျင်လာသဖြင့် အားခနဲမည်အောင်ပင် မတော်တဆည ည်းလိုက်မိ၏။
လီစူး နောက်ကို ချက်ချင်းပြန်လှည့်ကြည့်လာ၏။

"ဘာဖြစ်လို့လဲ"

"ဗိုက်ထဲ မွန်းလာပြီး အရမ်းနာလာလို့"

ကျန်းချိုးစကားဆုံးသည်နှင့် လီစူး သူ့လက်ကို ကျန်းချိုးဗိုက်ကလေးအပေါ်တင်လိုက်၏။ အေးစက်စက်လက်ကြီးကြောင့် ကျန်းချိုးတုန်ချင်ချင်ဖြစ်သွားသော်လည်း အရမ်းအံ့သြဖို့ကောင်းတာက သူ့နာကျင်မှုကြီးလုံးဝပျောက်သွားခြင်း။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now